31.8 C
Yangon

မြ၀တီမြို့နယ်၊ ကျားဖြန့် လုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရသည့် ထိုင်းနိုင်ငံသား ၁၆ ဦးကို ထိုင်းအစိုးရက ပြန်လည် လက်ခံ

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လည်သော ကျန်ားဖြန့်လုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင် ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရသည့် ထိုင်းနိုင်ငံသား ၁၆ ဦးကို ထိုင်းအစိုးရက ပြန်လည် လက်ခံထားကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

မြ၀တီမြို့နယ်သို့ လိမ်လည်လှည့်ဖြားခံရကာ တရားမဝင် ငွေလိမ်လည်သော ကျားဖြန့်ဂိုဏ်းများတွင် အလုပ်လုပ်ခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၆ ဦးကို ထိုင်းနိုင်ငံသို့ ယမန်နေ့ လုံခြုံစွာ ပြန်ခေါ်ဆောင်လာပြီဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ အတည်ပြု ကြေညာသည်။

မြဝတီမြို့တွင် ပိတ်မိနေသော နိုင်ငံခြားသားများအနက်မှ ထိုင်းနိုင်ငံသားများကို ကယ်တင်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့များက ကြေညာချက်ထုတ်ပြန်တောင်းဆိုပြီးနောက် ထိုင်းနိုင်ငံသား ၁၆ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရ ၏ပြန်ကြားရေးအတွက် ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် Nikorndej Balankura က မြ၀တီမြို့နယ်မှ ပိတ်မိနေသော ထိုင်းနိုင်ငံသားများကို ကယ်တင်နိုင်ရေး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း အဆိုပါ ညှိနှိုင်းမှုကြောင့် မဲဆောက်-မြဝတီအမြဲတမ်းနယ်စပ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသားများကို လျင်မြန်လုံခြုံစွာ နေရပ်ပြန်ပို့နိုင်ရေးအတွက် သေချာစေခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသား ၁၆ ဦးစလုံးသည် လူကုန်ကူးမှု၏ သားကောင်များဟုတ်၊ မဟုတ်စိစစ်ရန်အတွက် အမျိုးသား လွှဲပြောင်းပေးရေး ယန္တရား (NRM) က စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ဒုက္ခသည်များအဖြစ် တရားဝင်သတ်မှတ်ခံရသူများသည် သက်ဆိုင်ရာ အစိုးရဌာနများ၏ အကာအကွယ်နှင့် ပြန်လည်ထူထောင်ရေး အထောက်အပံ့များ ရရှိမည် သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article