26.3 C
Yangon

ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်၊ နိုင်ငံခြားလူသတ်ဇတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်ပြီး နိုင်ငံခြားလူသတ်ဇတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်ရှိ 32nd Beauty Land Hotel၊ ၅ လွှာ၊ အခန်းအမှတ် ၅၀၂ ပြတင်းပေါက်အပြင်ဘက် အသတ်ခံထားရသည့် အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ရသည်။

သေဆုံးသူမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ် ၇ အရှေ့ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အသက် ၁၈ နှစ်အရွယ် အေမွန်အောင်တို့ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့နှစ်ဦးစလုံးကို အောက်တိုဘာလ ၇ ရက်နေ့တွင် တစ်ရက်တည်း ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

တရားခံ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံကြည့်ရှုလေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းကို ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် ပျော်ပါးနေစဉ် ၎င်းကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းကို အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်ကို အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေသည့် သွေးများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article