25.8 C
Yangon

ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၆ ရက်နံနက်ပိုင်းအထိ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီး၌ တိုက်ပွဲပြင်း ထန်နေပြီး စစ်တပ်ဘက်မှ အထိနာလျက်ရှိရာ ယမန်နေ့ အောက်တိုဘာလ ၁၀ ရက် ညနေ ၆ နာရီ ခန့် က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၈ နာရီခန့်ကလည်း Y12 လေယာဉ်ဖြင့် ၉ ကြိမ်ခန့်လှည့်ပတ်ပျံဝဲကာ ဗုံးသီး အလုံး ၄၀ နီးပါး ကျဲချတိုက်ခိုက်ခဲ့သည့် အပြင် အောက်တိုဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ဖားကန့်မြို့၊ ဖားကန့်အရှေ့ဘက်ခြမ်း၊ မလန်းရွာတဝိုက်မှာ စစ်ကောင်စီက လုံးခင်း၊ ယမ်းချက် ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်နီးပါးရှိပြီ။ သူတို့စစ် ကြောင်းထိုးလာတော့ KIA ၊ K PDF ပူးပေါင်း တပ်ဖွဲ့ ဘက်က ပိတ်ဆို့တိုက်ခိုက်နေတာ၊ သူတို့ (စကမ)ဘက်တော်တော်အထိနာနေတယ်လို့ သိရတယ်။ တိုက်ပွဲကတော့ ဒီမနက်အထိ ပြင်းထန် နေတယ်၊ အပြန်အလှန် လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်နေတယ်။ စစ်ကောင်စီဘက်ကလည်း မြေပြင် ထိုးစစ်၊ လက်နက်ကြီး၊ ဒရုန်း ၊ လေကြောင်း ပစ် ကူနဲ့ ရှေ့တိုးလာတာ၊ ဒါပေမယ့် KIA ၊ KPDF တပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အတွက် ရှေ့မတိုးနိုင်ဘဲ အထိနာနေတယ်။” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖားကန့်မြို့နှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၄ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ် ကောင်စီ တပ်သား ၊ ပြည်သူ့စစ် ရာဂဏန်း ထိခိုက်သေဆုံးထားကြောင်း၊ ထိုသို့ ထိခိုက်သေဆုံးမှုများ ပြားသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ပြည်သူ ၉၀ နီးပါး သေဆုံးပြီး ၂၇၀ နီးပါး ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

စစ်တပ်က ယခင်လများက ဖားကန့်မြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ဖားကန့်မြို့အရှေ့ဘက်ခြမ်းကို ထပ်မံစစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ယခင်လများအတွင်း ဖားကန့်တွင် စစ်တပ်က ကျောက်မျက်လုပ်ကွက်များကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article