31.2 C
Yangon

အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကို လေဆိပ်တွင် အဖမ်းခံရပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကိုအား ယမန်နေ့ ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ခရီးစဥ်အမှတ် 8M 335 ဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာမည့် သက်ကိုကို (သမီးဆိုး) ကို စစ်တပ်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း၊ သမီးဆိုးကို ပြင်ဦးလွင်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အေသင်ကို ဆိုသူက အမှုဖွင့်ထားကြောင်း၊ ထို့ပြင် စစ်တပ်မှ မင်းအောင်လှိုင်၊ ကြူကြူလှနှင့် အရာရှိများကို သိက္ခာကျဆင်းစေရန် ပြောဆိုထားသော လူမှုကွန်ရက်မှ ဗီဒီယိုဖိုင်များကိုလည်း စစ်တပ်ထံသို့ ပေးပို့၍ အေသင်ကိုက ဆက်လက်တိုင်ကြားထားသဖြင့် အမှုများ ထပ်မံ တိုးလာနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဖမ်းတာက ရန်ကုန်လေဆိပ်မှာ ဖမ်းတာပါ။ ရဲဘက်ကတော့ ပြင်ဦးလွင်မှာ အမှုဖွင့်ထားလို့ ပြင်ဦးလွင်ကို လွှဲမယ်လို့ ပြောတယ်။ နောက်ထပ်တိုင်ထားတာတွေလည်း ရှိတော့ အမှုတွေ ထပ်တိုးနိုင်တယ်လို့လည်း ရဲက ပြောတယ်။ အခုတော့ မင်္ဂလာဒုံရဲစခန်းမှာပဲ ရှိသေးတယ်။ ဒီနေ့ သို့မဟုတ် မနက်ဖြန်လောက်တော့ ပြင်ဦးလွင်ကို လွှဲမယ်။ ထမင်းဟင်းပို့လို့ရတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်ရှိပါတယ်။ အဆက် အသွယ်လည်းရတယ်” ဟု သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

သမီးဆိုးက အွန်လိုင်းတွင် အေသင်ကိုဟု လူသိများသော အမျိုးသမီးနှင့် ပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ရန်ကုန်လေဆိပ်မှ ပြန်လည် ထွက်ခွာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article