31.2 C
Yangon

ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါ အထိုင်စခန်းမှ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာသော အင်အား ၄၄ ဦးပါ စစ်ကြောင်းကို ပဲခူးတိုင်း၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၊ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်များက တောင်လည်ကျေးရွာအနီးရှိ ဂွေးပင်ကုန်းနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ဒဏ်ရာရစစ်သားများကို ထမ်းစင်ဖြင့် ပြန်လည် သယ်ထုတ်သွားကြောင်း သိရှိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ‌ နေရာကို တော်လှန်ရေး ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သုံးကျောပိုးအိတ်တစ်လုံး၊ MA ကျည်ဘောက် ၁ ခု ၊ BA 100 ဗုံးသီး ၁ လုံး၊ 5.56ကျည် ၇၀ တောင့်၊ power ban ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ အထိုင်စခန်းမှ အင်အား ၅၀ ခန့် ပါဝင်သော စစ်တပ် ခြေလျင်စစ်ကြောင်းကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နှင့် ရွှေတောင် ပကဖ တို့ ပူးပေါင်းပြီး အုတ်ဖိုကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့ တွင်လည်း ပေါက်ခေါင်းမြို့နယ် ချင်းလည်ဂိတ်မှ ကင်းပုန်းဝပ်ရန် ထွက်လာသော အင်အား ၂၀ ခန့်ပါ‌‌စစ်ကြောင်းနှင့် ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ နှင့် ရွှေတောင် (ပကဖ) မှရဲဘော်များ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပေါက်ခေါင်းမြို့နယ်ထဲမှာတော့ စစ်ခွေးတွေနဲ့ ထိတွေ့မှုဖြစ်တာကတော့ ဆက်တိုက်ကို ဖြစ်ပွားခဲ့ပါတယ်။ ကျနော်တို့ ပြောက်ကျား ပုံစံနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ပစ်ခတ် တိုက်ခိုက်တာ လုပ်ဆောင်ခဲ့တော့ ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး။ စစ်ခွေးတွေက ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article