28.6 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်​ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၄ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး အရာရှိ ၁ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Thunderbird People ‘s Defense Force – မိုးကြိုးငှက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်​အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များ ၄ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် MA- 4 သေနတ် ၁ လက်နှင့် MA-2 သေနတ် ၁ လက် အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တပ်ရင်း ၄ ရင်းနဲ့ လာတာပါ။ စစ်ခွေး အင်အားကတော့ ၂၇၀ လောက်ရှိတယ်။ အဲခွေးစစ်ကြောင်းက ရွာသာယာကနေ ထွက်လာတဲ့ စစ်ကြောင်းပါ။ စစ်ခွေး ၂ ကောင်က တိုက်ပွဲအတွင်းမှာ မျက်မြင်သေဆုံးတယ်။ တိုက်ပွဲတွေက ဆည်လေးတော့လမ်းဆုံမှာ ၂ ကြိမ်ဖြစ်တယ်။ ကျောက်ပနံရွာမှာ ထိတွေ့မှု ၁ ကြိမ် နဲ့ လင်းယဉ်ရွာသစ်မှာ ၁ ကြိမ် ဖြစ်ပွားခဲ့တာပါ။ လင်းယဉ်ရွာသစ် တိုက်ပွဲမှာက စစ်ခွေး ဗိုလ်၁ ကောင် လက်ကိုကျည်ထိမှန်တယ်။ သိမ်းဆည်းရရှိတဲ့ပစ္စည်းတွေကိုတော့ စစ်ကိုင်းမြို့နယ် ပကဖ က ထိန်းသိမ်းထားတာပါ” ဟု Thunderbird People ‘s Defense Force – မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Thunderbird local defense force ၊ ပဒူတိုက်နယ် ပကဖ.နှင့် နယ်မြေခံ တော်လှန်ရေးအင်အားစုများက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article