29 C
Yangon

သီပေါ၊ နတ်မောက်၊ တောင်သာနှင့် ဝက်လက် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Gyrocopter ၊ စက်တပ်လေထီး တို့ဖြင့် ဆက်တိုက် ဗုံးကျဲနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နမ့်ဟူးနွဲ့ကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါမြို့နယ်၊ နမ့်ဟူးနွဲ့ကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ညပိုင်းထိ လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် နံနက် ၉ နာရီ ၂၅ မိနစ်မှ ည ၇ နာရီထိ အကြမ်းဖက် စစ်တပ်က ရွာသာကြီးရွာကို ဂျက်ဖိုက်တာ၊ Gyrocopter တို့ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ယမန်နေ့ အကြမ်းဖက် စစ်တပ်က ရွာသာကြီးရွာကို လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို ဗုံး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့အတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ စမ်းကုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ် တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် နတ်မောက်မြို့နယ် အရှေ့ခြမ်း စမ်းကုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဉ် ၁ စီးတို့ဖြင့် ဗုံး ၈ လုံးကျဲချကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ပြည်သူတွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ နေအိမ် ပျက်စီးတာမျိုးလည်း မရှိပါဘူး။ စန်းကုန်းရွာ အရှေ့ဘက် ကျို့ပင်ရိုးလို့ခေါ်တဲ့ တောတစ်နေရာကိုကျတာ အထိအခိုက် အပျက်အစီးမရှိပါဘူး” ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် မီးလောင်သွားသော နေအိမ်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article