28 C
Yangon

ရွှေကျင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂၄ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂၄ လုံးကျဲချ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ်အတွင်းရှိ ကွင်းဒလကြီးရွာ၊ ညောင်ပင်ကြီးရွာနှင့် သက်ကယ်ကုန်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၁၂ ကြိမ် ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်ဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ကွင်းဒလလေးရွာမှ အသက် ၁၈ နှစ်အရွယ် မခင်စံပယ်ဦး သေဆုံးခဲ့ရပြီး အသက် ၃၀ နှစ်အရွယ် မောင်ဇင်မင်းအောင်နှင့် သက်ကယ်ကုန်းကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကွင်းဒလေးရွာမှ အသက် ၅၉ နှစ်အရွယ် ဒေါ်မွေးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လေကြောင်း တိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံး၊ ညောင်ပင်ကြီးကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ မင်္ဂလာကုန်း ကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် သက်ကယ်ကုန်း ကျေးရွာမှ စာသင်ကျောင်း ၁ ကျောင်းလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ အာဏာ ဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာ နယ်မြေများအတွင်း အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပန်းလျှက်ရှိပြီး ၎င်းတို့ လက်လွှတ် ဆုံးရှုံးခဲ့ရသော နယ်မြေများ အတွင်းရှိ ပြည်သူများကို အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article