28 C
Yangon

ပုလောမြို့နယ်၊ မင်းပြင်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီး၊ တန်းရှင်းရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းပြင်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ မင်းပြင်ရွာကို စတင်ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလ ၄ ရက်နေ့ ၊ ၆ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင်လည်း ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးထားကြောင်း သိရှိရသော်လည်း အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေက မင်းပြင်ရွာကို မီးရှို့နေတာ ၄ ကြိမ်ရှိသွားပြီ စက်တင်ဘာလ ၂၈ ရက်နေ့တည်းက စရှို့နေတာ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၂၀ နီးပါးလောက် ပြာကျသွားပြီလို့ သိရပေမယ့် အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပုလောမြို့နယ်၊ တန်းရှင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ တန်းရှင်းရွာ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားပြီး စက်လက်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်သွားကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားချင်းမရှိတာကို တန်းရှင်းရွာကို ဒီနေ့ မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး တပြိုင်တည်း ကျဲချပြီး စက်လက်တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်သွားတာပါ။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article