24 C
Yangon

လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ ဒရုန်း ၁ စီး ပျက်ကျပြီး PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီး ပျက်ကျပြီး သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို ဗုံးလာကျဲသော အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီးသည် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျက်ကျသွားသော ဒရုန်းကို သရက်ချောင်းရွာ အနောက်ဘက်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက သရက်ချောင်းရွာကို ဒရုန်းနဲ့ ဗုံးလာကျဲတဲ့ အဲမှာ စက်ချို့ယွင်းပြီးတော့ ဒရုန်းက လေထီးနဲ့ ပြုတ်ကျလာတာ ကျနော်တို့လည်း သတင်းကြားတာနဲ့ သွားပြီးတော့ ယူဆောင်လာခဲ့တယ်။ အခုတော့ လုံခြုံတဲ့ နေရာကို ပြောင်းရွေ့ထားပါပြီ” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ သရက်ချောင်းတွင် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း မီးရှို့ဖျက်ဆီးရန် စစ် ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုဖြင့် အမှတ် ၃၈၀၂ တပ်ရင်း၊ အမှတ် ၃၈၀၃ တပ်ရင်း၊ သာယာဝတီ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် စစ်သား ၁၂ ဦးကို ဖမ်းဆီးရရှိကာ လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article