27 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈၉ ဦး ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈၉ ဦး ဖမ်းဆီးရရှိကြောင်း ထိုင်းအာဏာပိုင်းများက တရားဝင် သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းတွင် ယာဉ်များကို ဖမ်းဆီးစစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၅ ဦးကို လမ်းပြ ၂ ဦး ၊ ယာဉ် ၃ စီးတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် တရားဝင် အထောက်အထား စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများဖြစ်ပြီး အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၂၄ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသောမြန်မာနိုင်ငံသား ၅၅ ဦးကို မဲဆောက်မြို့နယ်ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ မဲဆောက်မြို့နယ်အတွင်း ကင်းလှည့်နေစဉ် တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ ပါဝင်ကြောင်း၊ ၎င်းတို့တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံ တစ်ရာ မပါဝင်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၃၄ ဦးကို မဲဆောက်မြို့နယ်၊ မယ်ပရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article