ဒီကနေ့ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက အလိုရှိနေတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ CDM တွေနှင့် စစ်ပြေးရဲပြေးတွေကို ဖမ်းဆီးနိုင်ဖို့အတွက် Person Scrutinization and Monitoring System (PSMS) Application ကို အဆင့်မြှင့်တင်ပြီး နာမည် ပျက်စာရင်း သွင်းထားသူ တွေရဲ့ အရေအတွက်ကိုလည်း ထပ်တိုးဖို့ကို ညွှန်ကြားထားတယ်လို့ ပြည်ထဲ ရေးဝန်ကြီးဌာနဆီကနေ သိရပါတယ်။
- ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာစစ်တပ်ရဲ့ KK Park ကိုဝင်ရောက်စီးနင်းမှုဟာ အတုအယောင်သာ ဖြစ်ပြီး ပြဿနာအားလုံးရဲ့ ဇစ်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စု ကို ဖျက်သိမ်း အရေးယူမှသာ ဆိုက်ဘာပြစ်မှုအကျပ်အတည်းသာမက မြန်မာ့အကျပ် အတည်းကိုပါ အပြီးတိုင် အမြတ်ပြတ် ဖြေရှင်းနိုင်မယ်လို့ Justice For Myanmar (JFM) က မနေ့ကထုတ်ပြန် လိုက်ပါတယ်။
- ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံပေါင်းစုံ ဆုတောင်းပွဲ မှာ တော်လှန်အနုပညာရှင် မဖြူဖြူကျော်သိန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး လွတ်မြောက်ခြင်း နဲ့အတူ မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်စေဖို့ ဆုတောင်းပေးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




