30 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းမှူးများ အပါအဝင် စစ်အရာရှိကြီး ၃၀ နီးပါးကို ရာထူးနှင့်နေရာ အပြောင်းအလဲများ ပြုလုပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးများ အပါအဝင် စစ်အရာရှိကြီး ၃၀ နီးပါးကို ရာထူးနှင့်နေရာ အပြောင်းအလဲများ ပြုလုပ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်တွင် တရားမဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပါဝင်ပတ်သက်မှုဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကို ရာထူးမှ ဖယ်ရှား ဖမ်းဆီးလိုက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အသစ်အဖြစ် ဗိုလ်မှူးချုပ် ကျော်နိုင်ဦး (စစ်တက္ကသိုလ်-DSA-40) ကို ခန့်အပ်လိုက်ကြောင်း၊ ဗိုလ်မှူးချုပ် ကျော်နိုင်ဦးမှာ ယခင် မကွေးအခြေစိုက် တပ်မ ၈၈ ၏ တပ်မှူး ဖြစ်ခဲ့ကြောင်း သိရှိရသည်။

စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် (DSA-40) ကိုမူ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုး ပြောင်းရွှေ့လိုက်ကြောင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး သူရဗျားလေး (DSA-42) ကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ရာထူးတိုး ပြောင်းရွှေ့ခန့်အပ်ကြောင်း သိရှိရသည်။

ယင်းအပြင် တပ်မ ၁၁ အင်းတိုင်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မြင့်ဟိဏ်းကို တပ်မ ၈၈ မကွေး၏ တပ်မမှူးအဖြစ်လည်းကောင်း၊ မော်လိုက် အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဌေးကို တမာတောရှိ တပ်မ တော်နည်းပညာတက္ကသိုလ ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ ကော့သောင်း စစ်ဗျူဟာအခြေချ (စဗခ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းကို မော်လိုက် အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူးအဖြစ်လည်းကောင်း၊ တပ်မ ၆၆ အင်းမ၏ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်စိုးလင်းကို တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း ပြောင်းရွှေ့ကြောင်း သိရှိရသည်။

အလားတူ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကောင်းဇော်မြင့်ကို တပ်မ ၆၆ တပ်မမှူးအဖြစ်လည်းကောင်း၊ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (ခမောက်ကြီး) ၏ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်​ ဇေယျာလင်းကို ဗထူး တပ်မတော်ကြည်း တိုက်ခိုက်ရေး သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ စစ်ရာထူးခန့်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် ရဲခေါင်ကို အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (ခမောက်ကြီး) ၏ ဌာနချုပ်မှူး အဖြစ်လည်းကောင်း၊ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ် မင်းသီဟကို ဗထူး တပ်မတော် ဗိုလ်သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ တပ်မ ၇၇ ပဲခူး၏ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ရဲဝင်းအောင်ကို အမှတ် ၁၃ စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ်၏ စကခမှူး အဖြစ်လည်းကောင်း အသီးသီး ပြောင်းရွှေ့ကြောင်း သိရှိရသည်။

စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဒကစမှူး ဗိုလ်မှူးချုပ် နေမျိုးအောင်ကို တပ်မတော်အုပ်ချုပ်မှုကျောင်း (ပြင်ဦးလွင်)၏ ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်ထိုက်လတ်ကို စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ ဒကစမှူးအဖြစ်လည်းကောင်း၊ အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းကို မှော်ဘီ ဗိုလ်သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ တပ်မ ၅၅ မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မျိုးမြင့်ဦးကို အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စကခမှူး အဖြစ်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နည်းပြချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇေဝင်းကို တပ်မ ၄၄ ကျိုက်ထို၏ တပ်မှူးအဖြစ်လည်းကောင်း ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။

စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးချုပ် ကျော်ထင်ငြိမ်းကို အမှတ် ၃ တပ်မဟာ မိုးကောင်း၏ တပ်မမှူး အဖြစ်လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး နေမျိူး ကို အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(မော်လမြိုင်)၏ ဒုတိယတိုင်းမှူး အဖြစ်လည်းကောင်း၊ မိုင်းတုံအခြေစိုက် စစ်ဗျူဟာအခြေချ ဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်ထင်ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-လားရှိုး၏ တိုင်းစစ်ဦးစီးချုပ် အဖြစ်လည်းကောင်း၊ ဘောလခဲအခြေစိုက် စစ်ဗျူဟာ အခြေချ စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးချုပ် အောင်ဇော်လွင်ကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းစစ်ဦးစီးချုပ် အဖြစ်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးချုပ် အောင်ကိုသွင်ကိုလည်းကောင်း နေရာများ အသီးသီးပြောင်းရွှေ့ထားကြောင်း သိရှိရသည်။

“စစ်တိုင်းမှူး မျိုးဆက်သစ်တွေ ချထားပါပြီ။ဘော်လခဲ စစ်ဗျူဟာမှူး နဲ့ ကရင်ဂွင်ထဲ က စစ်ရေးအမြတ်ရလာသယောင်ရှိတဲ့ သူတွေ မက်လုံးပေးတာပါ။ရပခ တိုင်းမှူး ကို ဖြုတ်ရင်းနဲ့ တစ်ပေါင်းတည်း ဘုတ် ထွက်လိုက်တာပါ။စကခ ၃ မှူး အင်ဒိုသံအမတ်နေရာလည်း အသစ်ခန့်တာ တွေ့ရပါတယ်။စစ်ကျောင်းက အပုပ်အသိုးတွေ နေပြန်ထုတ်လှမ်းတယ်လို့ဆိုရမှာပါသူနာပြုကျောင်းအုပ်ကြီး စိုးညွန့် ကို ပါ ဖယ်လိုက်ပြီ ဆိုတော့ စတသ ၃၅ တွေ စပြီး အပြင်ထုတ်နေပြီလို့ လည်း ဆိုလို့ရပါတယ် ာမည်ထွက်နေတဲ့ စကခ ၆ မှူး တိုင်းမှူး မပါသေးတာကိုလဲ တွေ့ရတယ်ခင်ဗျ ‌ဆိုတော့ နောက်တစ်ဘုတ် ရှိဦးမယ်ဗျ ။ဒါ အပြီး မဟုတ်သေးဘူး ခင်ဗျ။ အခု ကျောင်းအုပ်ဖြစ်နေတဲ့ သူတွေ နောင်တစ်ကြိမ် တိုင်းမှူး သေချာတယ်ဗျ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

မင်းအောင်လှိုင်က ​စစ်တပ်နှင့် ကြံ့ဖွတ်ပါတီကို ထိန်းချုပ်ထားပြီး စစ်တပ်မှ စစ်အရာရှိကြီးများကိုလည်း ရာထူးတာဝန်များမှ အနားပေးကာ ကြံ့ဖွတ်သို့ စေလွှတ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲ ဝင်ခိုင်းထားကြောင်း ကြံ့ဖွတ်ပါတီသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article