34 C
Yangon

မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိကြောင်း အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ခံကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုငး်၊ သရက်ခရိုင် ၊ မင်းတုန်းမြို့ ၊ အင်းလည်ကုန်းကျေးရွာအနီး ၊

မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသွားကားများကိုု လက်နက်ဖြင့် ခြိမ်းခြောက် ဆက်ကြေးကောက်ရန် ထွက်လာသော ရဲတပ်သား ၂ ဦးဖြစ်သည့် နေမင်းထက်နှင့် သန်းထိုက်စိုးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့ကာ ရဲ ၂ ဦးစလုံး သေဆုံးခဲ့ကြောင်း၊ အဆိုပါရဲ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊တပ်ခွဲ ၂ ၊ တပ်စိပ် ၅ က ကင်းပုန်းဝပ်၍ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့က စစ်ရေးဆေးဂိတ်ကို ထွက်လာတာထက် အဲဒီအနီးအနားတစ်၀ိုက်မှာ ဖြတ်သန်းဖြတ်လာ ခရီးသွားကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာကြတာပါ။ အရင်ကလည်းအဲဒီလိုပဲ လာလာပြီး ကောက်နေကြတာပါ။ အဲဒါကို ကျနော်တို့က သတင်းအရ ကင်းပုန်းဝပ်ပြီးတော့ ၂၅ ရက်နေ့ ညမှာကတည်းက ကင်းပုန်းကြိုဝပ်ပြီးတော့ စောင့်ဆိုင်း ပစ်ခတ်တာဖြစ်ပါတယ်။ သူတို့က ကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာကြတာပါ။ မင်းတုန်းမြို့ ရဲတပ်ဖွဲ့ဝင်တွေပါ” ဟု အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ခံကိုမြတ်က ရှင်းပြသည်။

အဆိုပါ သေဆုံးသွားသော ရဲ ၂ ဦးထံမှ G3 ၂ လက် ၊ G3 ကျည်ဘောက် ၂ ခု ၊ G3 ကျည် ၂၉ တောင့် ၊ လက်ပစ်သီး ၁ လုံး ၊ လက်ထိပ် ၁ ခု ၊ ဖုန်း ၁ လုံး နှင့် ငွေသား ၆၅၀၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က မင်းတုန်းမြို့ကို အခြေပြု၍ တပ်စွဲထားပြီး မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏ ဆိုသလို စစ်ကြောင်းထိုးမှုများ ရှိကြောင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို တော်လှန်ရေးတပ်များက နယ်မြေ အဓိကစိုးမိုးထားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article