30 C
Yangon

နေပြည်တော် ကင်းသာ ၂ ရဲဘက်စခန်းတွင် စခန်းတာဝန်ခံနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ထင်လင်းဦးက အကျဉ်းသားများကို ငွေကြေးခြိမ်းခြောက်တောင်းခံသည့် အပြင် ရိုက်နှက်ဖိနှိပ်ခြင်းများ အကြီးအကျယ်လုပ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

နေပြည်တော် ကင်းသာ ၂ ရဲဘက်စခန်းတွင် စခန်းတာဝန်ခံနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ထင်လင်းဦးက အကျဉ်းသားများကို ငွေကြေးခြိမ်းခြောက်တောင်းခံသည့် အပြင် ရိုက်နှက်ဖိနှိပ်ခြင်းများ အကြီးအကျယ်လုပ်နေကြောင်း အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။

ကင်းသာ ၂ ရဲဘက်အကျဉ်းစခန်းအတွင်းတွင် အကျဉ်းသားများအနေဖြင့် လွတ်လပ်စွာ နေထိုင်ခွင့် ရှိသည့် ကြက်ခြံတွင် နေမည်ဆိုလျှင် တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်း၊ ငါးကန်တွင်နေမည် ဆိုလျှင် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ၊ ဝက်ခြံတွင် နေမည်ဆိုလျှင် တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ ၊မီးဖိုကြီးတွင် နေမည်ဆိုလျှင် ငွေ ကျပ် ၁၅ သိန်း၊ငါးခြံတွင် နေဆိုမည်လျှင် ကျပ်သိန်း ၂၀ ငွေကြေးပေးမှသာ နေထိုင်ခွင့်‌‌ရကြောင်း သိရှိရသည်။

“ဝက်ခြံ၊ငါးကန်မှာနေရင် လွတ်လပ်လုပ်ချင်တာအကုန်လုပ်လို့ရတယ်။ အခွင့်အရေးက လက်တစ်ဆုံးနှိုက်လို့ရတယ် ။ အရက် သေစာကအစ အိမ်ကမိန်းမလာတာကအစ လွတ်လပ်နေထိုင်ခွင့်ရတယ်။ အဲဒါကို စခန်းတာဝန်ခံ ကျော်မင်းထွန်းက သိန်းချီတောင်းနေတာ”ဟု အကျဉ်းစခန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ရဲဘက်စခန်းသို့ အကျဉ်းသားအသစ်ရောက်သည့် အချိန်တိုင်းတွင် ငွေကြေးများ ခြိမ်းခြောက်တောင်းခံကြောင်း၊ အကျဉ်းသားများအပေါ် အလုပ်အချိန်တစ်နေ့အတိုင်းအတာထက်ပို၍ ကျောက်ထုတ်ခိုင်းကြောင်း သိရှိရသည်။

“အကျဉ်းသား‌တွေ အပေါ် အလုပ်စေခိုင်းတာ ဘောင်ကျော်အထိ ခိုင်းပါတယ်။အကျဉ်းသားသီးသန့်ဆို အပြင်မှာ တိုက်ခန်းနဲ့ တခမ်းတနားနဲ့ နေရတယ်။ အပြင် အခန်းသီးသန့်ဆိုရင် သိန်းရာဂဏန်းအထိ တောင်းရမ်းတယ်။စခန်းတာဝန်ခံက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါဘူး”ဟု အကျဉ်းစခန်းသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ထို့ပြင် ရဲဘက်စခန်း ၏ လက်တောက်ကြီးကြပ်ရေးမှူး ၁ ထင်လင်းဦးက အကျဉ်းသားများအပေါ်ဆဲဆိုကြိမ်းမောင်းပြီး အရက်သေစာသောက်စား မူးယစ်နေလေ့ရှိကြောင်း၊ ၊ ယင်းအပြင် အကျဉ်းသားများအပေါ် ဖိနှိပ်ချုပ်ချယ် ရိုက်နှက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ အကျဉ်းထောင်တွင်း လူမိုက်မွေး ငွေကြေးရှာ ဆက်ကြေးကောက်ခိုင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article