32 C
Yangon

ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ က ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း PDF များ၏ သတင်းအချက်လက်များကို စစ်တပ်ထံ ပေးပို့ခြင်း၊ ပြည်သူများမြို့မှ ဝယ်ယူလာသော ကုန်ပစ္စည်းများကို စစ်ဆေးရှာဖွေ သိမ်းယူခြင်းများ ပြုလုပ်နေသော မေကဗျာဆိုသည့် စစ်တပ် သတင်းပေး အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ မိုင်းခွဲ တိုက်ခိုက်တာမှာ စစ်ခွေး ၂ ကောင်သေဆုံးပါတယ်။ ဂိတ်မှာရှိနေတဲ့ ပြည်သူ ၃ ဦး မစိုးရိမ်ရဒဏ်ရာရတယ်လို့ သိရတယ်။ ပြည်သူတွေ ရှင်းလင်းချိန် ကိုစောင့်ပြီးဖောက်ခွဲ တိုက်ခိုက်ခဲ့ပေမယ့် မထင်မှတ်ဘဲ ပြည်သူတွေထိခိုက်ဒဏ်ရာရသွားတဲ့ အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်။ နောက်ပြီး မေကဗျာဆိုတဲ့ စစ်ခွေး သတင်းပေး အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းများအနီး နေထိုင်ခြင်း၊ သွားလာခြင်းများမပြုလုပ်ကြပါရန် ၃၆၀၁ တပ်ရင်းက အသိပေးထားပြီး တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article