ဒီကနေ့ နိုဝင်ဘာ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့-
-ရခိုင်တစ်ပြည်လုံးနီးပါး သိမ်းပိုက်နိုင်ဖို့အတွက် လက်တစ်ကမ်းအလို ရောက်နေပြီလို့ အာရက္ခတပ်တော် AA က တရားဝင် ထုတ်ပြန်လိုက်ပြီး ၊ ရခိုင်ပြည်သူတွေကိုလည်း အရင်ထက် ပိုမို စစ်ရေးသတိရှိကြဖို့ အလေးအနက် တိုက်တွန်းထားပါသေးတယ်။
– ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်က ထိဖိုးစံကျေးရွာအနီးမှာ အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ၈ ဦးကတော့ အသီးသီး သေကုန်ကြပြီး စစ်သားတွေရဲ့ အလောင်းတွေဟာ မြေပြင်မှာ ဒီအတိုင်း ပျံ့ကျဲနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်ကိုပြောပါတယ်။
ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်က ပြည်သူ အယောက် ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၃ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




