27 C
Yangon

အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးစေခဲ့သော  သေ့ဘောဘိုးစစ်ရှောင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကျဲမှု မြင်ကွင်း၊ ယခုညလည်း လေယာဉ်ဖြင့် ဗုံးကျဲ 

Must read

ရန်ကုန်၊ ဇူလိုင် ၂ 

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊  သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို စစ်တပ် က လေယာဉ် ဖြင့် ဇူလိုင် ၁ ရက်နေ့ည ၈ နာရီ  ဗုံးကျဲ၊ ပြည်သူ ၂ ဦး သေ ဆုံးပြီး ဒဏ်ရာရသူများရှိပြီး မြစ်ကမ်းနားနေ ထိုင်းပြည်သူများ  ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

Cobra Colum စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီလေတပ်မှ တပ်မဟာ (၆) နယ်မြေအတွင်းရှိ သေ့ဘော့ဘိုးကျေးရွာအတွင်းသို့ ဇူလိုင် ၁  ရက်နေ့ ည ၇နာရီ ခွဲခန့်အချိန်တွင် ဗုံးကြဲချသွားခဲ့ပြီး  အပြစ်မဲ့ပြည်သူ(၂)ဦး ကျဆုံးခဲ့ရပြီး၊ ကျောင်းသားကျောင်းသူများအပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ 

ယနေ့ ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းတွင်လည်း လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း သိရှိရသည်။ 

“ဒီည တောင်ညီ ဘောလုံးကွင်းမှာ လေယာဉ်နဲ့ လာကျဲတာ ဗုံးတစ်လုံးကျတယ်။ တစ်ဦးက ခြေထောက်ထိတယ်။တစ်ဦးက ရင်ဘတ်ကို ၃ ချက်ထိတယ်။ အခု ဆုံဆည်းမြိုင်မှာ ဘယ်သူမှ မီးမထွန်းရဲဘဲ အမှောင်ထဲမှာ နေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article