32 C
Yangon

NLD အစိုးရကို ဖြုတ်ချရန်နှင့် စစ်အာဏာသိမ်းရန် ဆန္ဒပြပွဲများဖြင့် လှုပ်ရှားခဲ့သော မဘသနှင့် အမျိုးသားရေး အစွန်းရောက် ရှေ့နေ အေးပိုင်က ကြံ့ဖွတ်ပါတီ၏ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာလ ၆

NLD အစိုးရကို ဖြုတ်ချရန်နှင့် စစ်အာဏာသိမ်းရန် ဆန္ဒပြပွဲများ ဖန်တီးဦးဆောင်ခဲ့သော အကြမ်းဖက်စစ်တပ်ကိုထောက်ခံသည့် မဘသနှင့် အမျိုးသားရေး အစွန်းရောက် ရှေ့နေ အေးပိုင်က ကြံ့ဖွတ်ပါတီ၏ ရန်ကုန်တိုင်း အမျိုး သားလွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကြံ့ဖွတ်ပါတီက တရားဝင် သတင်းထုတ်ပြန် မဲဆွယ်စည်းရုံးမှုများ စတင်သည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးကို ကြံ့ဖွတ်ပါတီကယမန်နေ့ မိတ်ဆက်လာပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် စမ်းစမ်းဌေးကလည်းကောင်း၊ မဘသနှင့် အမျိုးသားရေး အစွန်းရောက် အေးပိုင်က အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၆ -FPTP တွင်လည်းကောင်း၊ စိုးယု က ရန်ကုန်တိုင်းလွှတ်တော်မဲဆန္ဒနယ်- FPTP နှင့် အောင်ဇော်ဦးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်-PR တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မဘသနှင့် အမျိုးသားရေး အစွန်းရောက် ရှေ့ နေ အေးပိုင် ဝင်ရောက်မည့် ရန်ကုန်တိုင်း၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆တွင် ဒဂုံမြို့သစ်ခရိုင်တစ်ခုလုံးပါဝင်ပြီး မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များ ပါဝင်နေသည်။

ရှေ့နေအေးပိုင်သည် အစ္စလမ်ဆန့်ကျင်ရေး လှုပ်ရှားသော မဘသ ရှေ့နေတစ်ဦးအဖြစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ထေရ၀ါဒဓမ္မ ကွန်ယက် ဥပဒေ အကြံပေး အရာရှိလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ ရက္ခိတအဖွဲ့နှင့် မဘသအဖွဲ့တို့တွင် ဦးဆောင်သူ ရှေ့နေတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် မျိုးစောင့် ဥပဒေများ ပြဋ္ဌာန်းရေးတွင် တက်ကြွစွာ တောင်းဆို ပါဝင်ခဲ့သူလည်းဖြစ်သည်။

NLD အစိုးရလက်ထက်တွင် လွှတ်တော်အမတ်ဟောင်း ခင်၀ိုင်းကြည်နှင့်တွဲဖက်ကာ NLD ဆန့်ကျင်ရေးနှင့် စစ်အာဏာသိမ်းရေး အဓိက ဦးဆောင်လှုပ်ရှားခဲ့သည်။ မဘသအစွန်းရောက် ဘုန်းကြီး ဝီရသူ၏ အမာခံ ထောက်ခံသူလည်းဖြစ်သည်။

၂၀၂၀ ခုနှစ်အတွင်း ဇူလိုင်လအတွင်းတွင် အဆိုတော် ချစ်သုဝေ၏ ဖခင် ဦးဇော်ဝင်း ရေးဆွဲခဲ့သည့် ပန်းချီကားတစ်ချပ်နှင့်ပတ် သက်ပြီး လူမှုကွန်ရက်ပေါ်တွင် ချစ်သုဝေနှင့် ဖခင်ဖြစ်သူတို့ တင်ရှိခဲ့သည့် ပို့စ်များမှာ သာသနာတော်ကို ညှိုးနွမ်းစေသည်ဟုဆိုကာ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခိတအဖွဲ့ကို ကိုယ်စားပြု၍ ရှေ့နေဦးအေးပိုင်က တရားစွဲခဲ့သည်။

၂၀၁၈ ခုနှစ်၊ NLD အစိုးရလက်ထက် မဘသနှင့် အမျိုးသားရေးအစွန်းရောက် စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးတရားစွဲ ထောင်ချခဲ့ရာတွင် ရှေ့နေအေးပိုင်က တရားခံရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည်။

ရှေ့နေ အေးပိုင်မှာ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အဖွဲ့များ၊ ကွန်ရက်များ၏ ဥပဒေရေးရာ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေပြီး ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်း အစ္စလမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေဆဲဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article