ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ဖရူဆို – ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်နေ သော ကြောင့် အသုံးပြုသွားလာခြင်း မပြုလုပ်ကြပါရန် KNDF ဗဟိုက ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နေ့ စွဲဖြင့် သတိပေးချက် ထုတ်ပြန်သည်။
နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့ကျေးရွာဘက်မှ စစ်ကောင်စီတပ်များမှာ ဖရူဆို- ထားလဲ – နန်းဖဲ လမ်းမကြီးအတိုင်း ထားလဲဖက်သို့ မျက်နှာမူ၍ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာခဲ့သောကြောင့် ကရင် နီတော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲငယ်များ ဖြစ် ပွားနေကြောင်း အသိပေးထားသည်။
“ကျနော်သိသလောက်တော့ ဖရူဆိုနဲ့ ဘောလခဲကြားပေါ့၊ နန်းဖဲမှာ တိုက်ပွဲပြင်းထန်နေတယ်၊ နောက် ပြီးတော့ မိုးဗြဲတို့၊ လွိုင်ကော်တို့ဘက်မှာ လူအင်အားတွေကလည်း ထပ်ဖြည့်နေတာ။” ဟု ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ကြောင့် ဖရူဆို- ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာရသည့် လမ်း သွယ်များအားလုံးကို ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ အသုံးပြုသွားလာခြင်းလုံးဝမပြု လုပ်ကြပါရန် နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထား သည်။
လတ်တလော ကရင်နီပြည်တွင် စစ်တပ်က ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲတို့သို့ စစ်ကြောင်းများစွာ အင်အားဖြည့်၍ အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကရင်နီဒေသတွင် ချေမှုန်း တိုက်ခိုက်ခံခဲ့ရသော စစ်တပ်ယာဉ်တန်း။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




