31 C
Yangon

ဒိုက်ဦးမြို့နယ်အခြေစိုက် ခမရ ၄၄၀ တပ်ရင်းနှင့် ကျောက်ကြီးအခြေစိုက် ခမရ ၅၉၈ တပ်ရင်းတို့မှ စစ်သား ၃ ဦး လက်နက် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ခမရ ၄၄၀ တပ်ရင်းနှင့် ကျောက်ကြီးမြို့နယ်အခြေစိုက် ခမရ ၅၉၈ တပ်ရင်း တို့မှ စစ်သား ၃ ဦး လက်နက် ၂ လက် ယူဆေင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ သို့ ဆက်သွယ်ကာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဒိုက်ဦးမြို့နယ် အခြေစိုက် ခမရ ၄၄၀ တပ်ရင်းမှ တပ်သား ညီပုနှင့် ခမရ ၅၉၈ တပ်ရင်းမှ တပ်သား ၊ တပ်သား ဇော်ဇော်မိုးတို့ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စစ်သားများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်လက်ခံပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် စစ်သား ၂ ဦးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးခဲ့ကြောင်း သိရှိရသည်။

လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိပြီး လူ့အခွင့်အရေးအပြည့်အဝရရှိစေမည်ဖြစ်ကြောင်းနှင့် လက်နက်ဖြင့် ပြည် သူ့ရင်ခွင်ခိုလှုံလာသူများကို ဆုငွေများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article