27 C
Yangon

“ဝ” ၊ တအာင်း၊ မွန် လူငယ်များက စစ်တပ်ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင် ကန့်ကွက်ဟု ကြေညာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် အကြမ်းဖက် စစ်ကော်မရှင်က နိုင်ငံတော်တည်ငြိမ်ရေး အကြောင်းပြကာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အတု အယောင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေမှုကို လုံးဝဆန့် ကျင် ကန့်ကွက်ကြောင်း ဝ” ၊ တအာင်း၊ မွန် လူငယ်များက ပူး‌ပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်တပ်က သမိုင်းတစ်လျှောက် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတိုင်းသည် ၎င်းတို့၏ အာဏာတည်မြဲရေး နှင့် တရားဝင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် တိုင်းရင်းသား အင်အားစုများ အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေရေး၊ သွေးခွဲရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားကာ တရားဝင်ရရှိရေးအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် ၄င်းတို့ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအားလုံး ရှောင်ရှားရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြန်လည် အသက်သွင်းရန် ရည်ရွယ်ထားပြီး မိမိတို့လိုလားသည့် ဖက်ဒရယ်ဒီ မိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် လုံးဝဆန့်ကျင်နေသောကြောင့် မွန်ခမာအုပ်စု “ဝ”၊ တအာင်း၊ မွန်လူငယ်များ အနေဖြင့် လုံးဝဆန့် ကျင် ကန့်ကွက်ကြောင်း လူငယ်အဖွဲ့များက ကြေညာသည်။

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများအားလုံး အကြမ်းဖက်စစ်ကော်မရှင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဝန်းရံခြင်း၊ ပါဝင်ခြင်းမလုပ်ကြရန်နှင့် ထိုသို့မဟုတ်ဘဲ ဝန်းရံပါဝင်ပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖျက်သိမ်းထားသည့် ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်ကို ဆန့်ကျင်ရာရောက်ကြောင်းလည်း လူငယ်အဖွဲ့များက သတိပေးထားသည်။

ထို့အပြင် တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြင်ပ နိုင်ငံမှ အိမ်နီးချင်း ရင်းနှီးမြုပ်နှံသူအားလုံးသည် အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲအား နည်းပညာအရ ပံ့ပိုးကူညီခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အသိအမှတ်ပြုခြင်းအပါအဝင် အခြားသောနိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးအရ ပံ့ပိုးဆောင်ရွက်မှု များ မလုပ်ဆောင်ကြရန်လည်း “ဝ” ၊ တအာင်း၊ မွန် လူငယ်များက တိုက်တွန်းထားသည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူ လှုပ်ရှားမှုများ၊ ပြည်သူကို ကိုယ်စားပြုသည့် တော်လှန်ရေး အစုအဖွဲ့များကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အတိတ်သမိုင်းကို သင်ခန်းစာယူကာ လက်ရှိတော်လှန်ရေး အင်အားစုများအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom- up Federalism) ချဉ်းကပ်မှု အခြေခံမူကို လက် ကိုင်ထားပြီးကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်အောက်တွင် “ ဝ၊ တအာင်း၊ မွန်” လူငယ်များ စည်းလုံးညီညွတ်ကာ အကြမ်းဖက်စစ်တပ် အာဏာသက်ဆိုးရှည်စေမည့် မည်သည့်လုပ်ရပ်မျိုးများ ကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း လူငယ်အဖွဲ့များက ကတိပြုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article