31 C
Yangon

မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာရှိ DKBA ပိုင် ကျားဖြန့်ရုံကို စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးနှင့် DKBA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးကြီးကျေးရွာ၊ ဘုရားကုန်းအနီးရှိ DKBA ပိုင် ကျားဖြန့်ရုံ ကို စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးနှင့် DKBA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း ကရင် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က မြဝတီမြို့တောင်ဘက်၊ ဖလူးကြီးကျေးရွာ ဘုရားကုန်းအနီးရှိ DKBA ပိုင် ကျားဖြန့်ရုံကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ကျားဖြန့်ရုံအစောင့်ဂိတ်ပေါ် တည့်တည့်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး နှင့် DKBA ၂ ဦး စုစုပေါင် ၄ ဦး သေဆုံးခဲ့ကြောင်း ထိုသို့ လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိသူများကို ထိုင်းနိုင်ငံ၊ မဲ ဆောက်ဆေးရုံကြီးမှ လူတင်နာတင်ကား ၇ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“ဖလူးကြီးရွာထိပ်က DKBA ပိုင် ကျားဖြန့် အစောင့်ဂိတ်အပေါ်ကို စကမက လက်နက်ကြီးနဲ့ပစ်ခတ် လို့ လူ ၉ ယောက်ထိပြီး ၄ ယောက်သေဆုံးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေကို မဲဆောက်ဆေး ရုံကြီးက နေ လူနာတင်ကားတွေနဲ့ သယ်ဆောင်သွားတာ။ ကားတန်းနဲ့ဆိုတော့ ကား တွေပိတ်၊ လမ်းတွေပိတ်ကုန်တယ်။ ဆူညံနေပါတယ်” ဟု ကရင် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ အကြမ်းဖက်စစ်အုပ်စုနှင့် BGF ပိုင် KK Park ရှိ ကျား ဖြန့်ရုံကို အယောင်ပြ စီးနင်းဝင်ခဲ့ပြီး BGF ကလည်း မိုင်းခွဲဖျက်ဆီးခြင်း၊ သက်သေများကို လက် စ ဖျောက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ရာ မြဝတီမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အပါအဝင် DKBA ၊ BGF ထိန်းချုပ်ရာ ကေ့ကော်မြို့သစ်၊ ဝေါ်လေဒေသနှင့် ကျောက်ခက်ဒေသများတွင် ကျားဖြန့်မြောက်မြားစွာ ရှိနေကြောင်း သိရသည်။

လတ်တလော နိုဝင်ဘာလ ၁၂ ရက်နေ့ အမေရိကန်အစိုးရက ကျားဖြန့်ဝင်းများကို တည်ထောင်လုပ်ကိုင်နေသော DKBA နှင့် ခေါင်းဆောင် ၄ ဦးကို ဒဏ်ခတ် အရေးယူပိတ်ဆို့သော ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး ကျားဖြန့် နှိမ်နင်ရေးအထူးအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article