34 C
Yangon

နတ်မောက်-မြို့သစ် လမ်းပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်မင်းသူကို အရှင်ဖမ်းမိပြီး အရေးယူဆောင်ရွက်မည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ နတ်မောက်-မြို့သစ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်မင်းသူကို အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၉၀၃ တပ်ရင်းမှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့တွင် နတ်မောက်-မြို့သစ် လမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှု ပြုလုပ်နေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကို အရှင်ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် စာရင်းတချို့နှင့် ရွေးကောက်ပွဲ ပြုလုပ်မည့် အချိန်များကို သိရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၉၀၃ တပ်ရင်းမှ ဗိုလ်အောင်ဒင်က ရှင်းပြသည်။

“သူ့ဆီကနေ စာရင်းတချို့နဲ့ ရွေးကောက်ပဲပြုလုပ်မယ့်လတွေတော့သိခဲ့ရပါတယ်။ ဇူလိုင်လ ၈ရက်နေ့က မြို့သစ်-နတ်မောက် သွားတဲ့ လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေစဥ်ဖမ်းမိတာပါ။ လက်ရှိမှာ ဖမ်းဆီးထားတဲ့သူကို ဘယ်လိုဆက်လက် အရေးယူဆောင်ရွက်သွားမလဲဆိုတာတော့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်။ သူ့ကိုတော့ အချုပ်ထဲမှာထားထားပါတယ်။ မောင်မင်းသူကတော့ အသက် ၂၇ နှစ်အရွယ် ရှိတယ်။ ၁ ဦးထဲ ဖမ်းဆီးမိတာပါ။ ကျန်တော်တို့တတ်နိုင်တဲ့ဘက်က ရွေးကောက်ပွဲကို တားဆီးမှာပါ “ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၉၀၃ တပ်ရင်းမှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။

ဆိုပါ ဖမ်းဆီးလုပ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၉၀၃ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲကော်မရှင်အတွက် ပူးပေါင်းပါဝင်သူမည်သူမဆို နတ်မောက်ဂဠုန် PDF တပ်ရင်း ၉၀၃ က အရေးယူသွားမည်ကြောင်း ဗိုလ်အောင်ဒင်က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article