28 C
Yangon

အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်သမ္မတက မြန်မာ့အရေး အထူးသံတမန်အဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို တရားဝင်ခန့်အပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

၂၀၂၆ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတမားကို့စ်ဂျူနီယာက မြန်မာ့အရေး အထူးသံတမန်အဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro ကို တရားဝင်ခန့်အပ်လိုက်သည်။

ယမန်နေ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ပြုလုပ်သည့် ၂၀၂၆ ခုနှစ်အာဆီယံဥက္ကဋ္ဌသစ် လွှဲပြောင်းရယူပွဲတွင် ဖိလစ်ပိုင်သမ္မတက ထိုသို့ ခန့်အပ်မှုကို တရားဝင် ကြေညာခြင်းဖြစ်သည်။

” မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့ အတူ တကွ အလုပ်လုပ်သွားမှာဖြစ်လို့ သူမအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ အကျိုးရှိ၊ အပြုသဘောဆောင်၊ စည်းကမ်းတကျဖြစ်တဲ့ အားလုံးပါဝင်တဲ့ ၊ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးနိုင်တဲ့ ချည်းကပ်မှုကို ဆောင်ယူနိုင်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဖိလစ်ပိုင်သမ္မတက ပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ယခု တွဲဖက်တာဝန်သည် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ယင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ချက်ချင်းရပ်စဲရေး၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှု၊ အာဆီယံ အထူးသံတမန် ခန့်အပ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးအပ်ခြင်းနှင့် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းဟူသော အာဆီယံဘုံသဘော တူညီချက် ၅ ချက်ပါဝင်သည။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခများကို ကြားဝင်စေ့စပ်ညှိနှိုင်းရန်နှင့် ဒေသတွင်း တည်ငြိမ်မှုကို ထိန်း သိမ်းရန်မှာ အာဆီယံအတွက် ကြီးမားသော စိန်ခေါ်မှုအဖြစ် ရပ်ဆိုင်နေရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article