31 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ် မြို့သစ်မှာ တရုတ်သူဌေးတွေနှင့် ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်တွေကို BGF က ညတွင်းချင်း ကားတွေနဲ့ သယ်ထုတ်နေတယ်လို့ ရွှေကုက္ကိုလ်အခြေအနေကို စောင့်ကြည့်နေတဲ့ ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးသထူခရိုင်-ဘားအံမြို့နယ် အလုပ်အမှုဆောင် ကော်မတီက နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အထိုင်ဂိတ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၄ ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်က ထိုင်းစားသောက်ဆိုင်တဆိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်းစကားများရန်ဖြစ်ရာကနေ မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article