27 C
Yangon

စဉ့်ကိုင်မြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ ၊ လက်ပစ်ဗုံးများသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိကာ လက်ပစ်ဗုံးများသိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ထံမှ သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စဥ့်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် ပူးပေါင်းပါဝင်နေသော ပျူစောထီးများ လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စောင့်ကြို ဖမ်းဆီးမှုအတွင်း ထော်လာဂျီပေါ် လိုက်ပါလာသော ပျူစောထီး ၅ ဦး ကို တော်လှန်ရေး တပ်ဖွဲ့များ အရှင်ဖမ်းမိခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်ထားသော လက်ပစ်ဗုံးများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ဖမ်းဆီးရမိသော ပျူစောထီး ၅ ဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ လွှဲပြောင်းပို့ဆောင်လိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ နှင့် စဥ့်ကိုင်(ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လပိုင်းကလည်း နတ်မောက်-မြို့သစ် လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှု ပြုလုပ်နေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် စာရင်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article