31 C
Yangon

ချောင်းဦးမြို့နယ် မန္တလေး-မုံရွာ လမ်းပိုင်း‌တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာ လမ်းပိုင်း‌တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း The Pentagram-ငါးထောင့်ကြယ် အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန် မန္တလေး-မုံရွာ လမ်းပိုင်း‌ရှိ ရေပိုးစားဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ထောက်လှမ်းရတာကတော့ ၇ ကောင်သေတယ်လို့ပဲ စာရင်းရတယ်။ မန္တလေး-မုံရွာ လမ်းပိုင်း‌ ရေပိုးစားဘုန်းကြီးကျောင်းထဲဝင်လာတဲ့ဟာက စစ်ခွေးအင်အား ၅၀ကျော်ရှိပါတယ်။ အဲဒီမှာ ဓားစာခံ ပြည်သူက ၃၀ နဲ့ ၅၀ အကြားမှာရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာက မိုင်းဆွဲတိုက်ခိုက်မှုက ဓားစာခံပြည်သူတွေကို လုံး၀မထိပါဘူး။ ပထမကွဲတာ အရှေ့ဘက်နားက ပွိုင့်က တိုက်မိုင်းထိတယ်။ ဓားစာခံတွေကို မနေ့က ညနေပိုင်းမှာ ပြန်လွှတ်လိုက်တယ်။ အကုန်လုံးကို ခွေးတွေက ပြန်လွှတ်လိုက်တယ်။ ဘယ်ကနေထွက်လာတဲ့ စစ်ကြောင်းလဲဆိုတော့ ဂွေးပင်တော အထိုင်နဲ့ မြောင်လမ်းခွဲအထိုင်က နှစ်ခုပေါင်း စစ်ကြောင်းလို့ သတင်းရတယ်။ စစ်ခွေးတွေကို မိုင်း ၅လုံးပွိုင့်နဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု The Pentagram-ငါးထောင့်ကြယ် အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို PENTAGRAM. LPDF အဖွဲ့ နှင့် နွေဦးလူငယ် LPDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေသော အကြမ်းဖက်စစ်သား ၁ ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေသော အကြမ်းဖက်စစ်သား ၁ ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article