28 C
Yangon

ပေါက်မြို့နယ်ရှိ ဝန်ကျုံးနှင့် သစ်ချိုကုန်း ပျူစောထီးရွာ ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၃ ဦး အရှင်ဖမ်းမိပြီး ရုပ်အလောင်းများပါ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဝန်ကျုံးနှင့် သစ်ချိုကုန်း ပျူစောထီးရွာ ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၃ ဦး အရှင်ဖမ်းမိပြီး ရုပ်အလောင်းများပါ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖ ကထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့က ပေါက်မြို့နယ်တောင်ပိုင်း၊ ယောချောင်းဘေးရှိ ပျူစောထီးရွာ ကြီး ၄ ရွာအနက်မှ ဝန်ကျုံးရွာ နှင့် သစ်ချိုကုန်းရွာ ‌၂ ရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ပင်တောင်ပျူ ရွာကိုလည်း ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကူအင်အားများစွာ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ရွှေဘုံသာပျူ ရွာမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပေါက်ကုန်းရွာ၊ ချိုင်စောက်ရွာ၊ ဖလံကိုင်းရွာ၊ ကျောက်တိုင်ခင်ရွာနှင့် ညောင်စင်တောတိုက်တို့၌ လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သားများအထိနာပြီး သေဆုံးသွားသော စစ်သားအလောင်းများကို ဖြစ်သလိုမြှုပ်နှံ ထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ MGY တပ်နှင့် မဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်တပ်က မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် များအတွင်းကို ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတို့ဖြင့် နေ့စဉ် အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၂၇ ရွာမှ ပြည်သူ ၁၇၀၀၀ နီးပါး သည် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း သတင်းများကို အထူးဂရုစိုက် နေထိုင်ကြပါရန် မြိုင် ပကဖ က တိုက်တွန်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article