22 C
Yangon

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စံချိန်တင် ရေကြီးမှုကြောင့် အိမ်ထောင်စု ၁ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်နေပြီး မြန်မာရွှေ့ပြောင်းအလုပ် သမားများလည်း ရေဘေးသင့်သူများတွင် ပါဝင်နေ၊ ရေကြီးမှုကြောင့် သေဆုံးသူ လူ ၁၉ ဦးရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စံချိန်တင် ရေကြီးမှုကြောင့် အိမ်ထောင်စုပေါင်း ၁ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ရေဘေးသင့်သူများတွင် ပါဝင်နေကြောင်း ထိုင်းသတင်းများနှင့် ဟတ်ရိုင်မြို့မှ မြန်မာအလုပ်သမားတချို့ထံမှ သိရှိရသည်။

ထိုင်းတောင်ပိုင်းတွင် မုန်တိုင်းကြောင့် နှစ်ပေါင်း ၃၀၀ အတွင်း စံချိန်တင် ရေကြီးမှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရေမှာ ၈ ပေကျော် အထိ မြင့်တက်နေကြောင်း၊ လတ်တလော ထိုင်းတောင်းပိုင်းတစ်လျှောက်တွင် ရေကြီးမှုကြောင့် နောက်ဆက်တွဲ ဓာတ်လိုက်မှုနှင့် မတော်တဆမှုများကြောင့် သေဆုံးသူ ၁၉ ဦးရှိလာကြောင်း၊ ဟတ်ရိုင်မြို့တွင် မိုးသည်းသည်းထန်ထန် ရွာသွားနေပြီး နှစ်ပေါင်း ၃၀၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှု အများဆုံး ဖြစ်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့မှ ယနေ့အချိန်အထိ လက်ရှိ ထိုင်းတောင်ပိုင်းရှိ ခရိုင် ၉ ခုတွင် ရေကြီးနေပြီး အိမ်ထောင်စုပေါင်း ၁၂၇၀၀၀ ရေဘေးသင့်နေကြောင်း၊ မိုးရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်း၊ ရုတ်တရက်တောင်ကျချောင်းရေများကြောင့် ရေကြီးမှုအခြေအနေ ဆိုးရွားလာကြောင်း သိရှိရသည်။

လတ်တလော ဟတ်ရိုင်မြို့တွင် ရေမှာ အမြင့်ပေ ၈ ဒသမ ၂ ပေကျော်ရှိပြီး မြို့တစ်ခုလုံး မြုပ်နေကြောင်း၊ ကယ်ဆယ်ရေးများရှိသော်လည်း မြို့တစ်ခုလုံးအတိုင်းအတာကို မလွှမ်းခြုံနိုင်သဖြင့် ပြည်သူများမှာ အိမ်ခေါင်မိုးများ၊ အပင်များနှင့် ဓာတ်တိုင်များပေါ်တွင် နေထိုင်ကာ ကယ်ဆယ်ရေး စောင့်ဆိုင်းနေကြောင်း သိရှိရသည်။

“ဟတ်ရိုင်စက်မှုဇုန်မှာ စက်ရုံတွေ အများကြီးရှိပါတယ်။ အဲဒီမှာ မြန်မာအလုပ်သမား ရာပေါင်းများစွာရှိတယ်။အဲဒီမှာ မြန်မာတွေလည်း ပိတ်မိနေပါတယ်။ အခုထက်ထိတော့ မြန်မာတွေထဲက သေဆုံးထိခိုက်မှု မကြားရသေးပါဘူး” ဟု ဟတ်ရိုင်မြို့တွင် နေထိုင်သော ရေးဘေးသင့်သူများ ကူညီရေး မြန်မာတစ်ဦးက ဆိုသည်။

နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်အတွင်း စုန်ခလာတလျှောက် ရေလွှမ်းမိုးမှုကြောင့် တောာင်ပိုင်း ခရိုင် ၁၆ ခု၊ မြို့နယ်ခွဲ ၁၀၀၊ ကျေးရွာ ၆၃၇ ရွာမှ လူပေါင်း ၄၆၅,၀၀၀ ကျော် ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးစခန်းများကို ထိုင်းအစိုးရက ဖွင့်လှစ်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article