29 C
Yangon

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နိုင်ရေး Click for Karen ၏ Kanyaw Blog application ကို ဝင်ရောက်ဖတ်ရှုကြရန် နှိုးဆော်

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နိုင်ရေး Click for Karen ၏ Kanyaw Blog application တွင် ကြော်ငြာလက်ခံလျက်ရှိနေပြီး ပြည်သူများအနေဖြင့်လည်း ဝင်ရောက်ဖတ်ရှုကြရန် Click for Karenမှ တာဝန်ရှိသူတစ်ဦးက နှိုးဆော်တိုက်တွန်းသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ (၁၈) ရက်နေ့ တွင် စတင်ခဲ့သော Click for Karen ၏ Kanyaw blog application မှာ အချိန်ကာလ တစ်ခုကြာ ကြော်ငြာ များမှ ဝင်ငွေရရှိမှု ပိတ်ပင်နေရာမှ ယခုအခါတွင် ဝင်ငွေပြန်လည်ရရှိနေပြီဖြစ်ကြောင်း၊ Click for Karen ၏ Kanyaw blog application သည် နွေဦးတော်လှန်ရေးနှင့် အတူပေါ်ပေါက်လာခဲ့သော စစ်ဘေးရှောင်ပြည်သူများအတွင် စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထောက်ပံ့ခြင်း၊ အမိုးအကာများ၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အဓိကထား လုပ်ဆောင်နေသော click channel တစ်ခုဖြစ်ပြီး ၎င်းတို့၏ ထောက်ပံ့မှုမှာ မြန်မာပြည်တောင်ပိုင်းဒေသရှိ စစ်ဘေးရှောင်များထံသို့ အဓိက ကူညီလျက်ရှိကြောင်း တာဝန်ရှိသူက ပြောဆိုသည်။

Click for Karen ၏ click programme တွင် Kanyaw blog application အပြင် Click for Kanren TV YouTube channel လည်းရှိပြီး၊ တေးသီချင်းများ နှင့် ကိုယ်လက်လှုပ်ရှားမှုအတွက် playlist များကို အဓိက နားဆင်နိုင်ကြောင်း၊ Kanyaw blog application တွင်မူ ကရင်လူမျိုးတို့၏ သမိုင်းကြောင်းများ၊ နေ့စဉ်နိုင်ငံရေးနှင့် လူမှုရေးသတင်းများ၊ စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများကို ဖတ်ရှုလေ့လာနိုင်ပြီး google playstore တွင်ဖြစ်စေ IOS AppStore တွင်ဖြစ်စေ လွယ်ကူစွာ download ပြုလုပ်ပြီး အသုံးပြုနိုင်ကြောင်း သိရှိရသည်။

ထို့အတူ အထက်ဖော်ပြပါ Click channel များ application များအတွက် ပုံမှန်ကြည့်ရှုမည့် subscribers များ clicker များလည်း လိုအပ်လျက်ရှိကြောင်း၊ Kanyaw blog application အား google playstore တွင် ရယူရန် Android https://bit.ly/kanyawblog ၊ Kanyaw blog application အား IOS Appstore တွင် ရယူရန် IOS https://apple.co/3K5STBb၊ Click for Karen YouTube channel အား subscribe ပြုလုပ်ရန် YouTube Link : bit.ly/kanyawC4K ၊YouTube Link – bit.ly/knyawPeopleC4K ၊Kanyaw Learning Video https://bit.ly/kanyawvideo ၊telegram သို့၀င်ရန် – https://t.me/click4karen တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article