30.5 C
Yangon

ရွှေကျင်မြို့နယ် ၏ အုပ်ချုပ်ရေး အပါအဝင် မြို့နယ် တစ်ခုလုံးကို KNU က စီမံ အုပ် ချုပ်မည်ဖြစ်ပြီး လိုက်နာရန်များ အသိပေးထုတ်ပြန်၊ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူးများ အားလုံး နုတ်ထွက်ရန် တရားဝင် သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်)၏ အုပ်ချုပ်ရေးကို KNU အုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်မည်ဖြစ်ပြီး စစ်ကောင် စီ ခန့် အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ရန် KNU က တရားဝင် သတိ ပေးချက် ထုတ် ပြန်လိုက်သည်။

KNU နယ်မြေ ဆောထိမြို့နယ်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအားလုံး တာဝန်မှ နုတ်ထွက်ကြရန်နှင့် လူထုကို အသိပေးသည့် အချက် ၇ချက်ကို KNU က ယနေ့ ထုတ်ပြန်သည်။

ဆောထိမြို့နယ်တွင် မည်သည့်ကိစ္စမဆို ဆောင်ရွက်ပါက KNU မြို့နယ်အုပ် ချုပ်ရေးအဖွဲ့ကို အသိပေးရန်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စများပါ အသိပေးရန်KNU က ညွှန်ကြားချက် ထုတ်ပြန်သည်။

ထို့ပြင် ပိုင်ဆိုင်မှုနှင့်လုပ်ငန်းများ လုပ်ကိုင်မှုများကိုလည်း တရားဝင် အသိပေးရမည်ဖြစ်ပြီး သစ်တော၊ ရေလုပ်ငန်း၊ မြေယာစသည့် လုပ်ငန်းများကို စည်းကမ်းနှင့်အညီ ခွင့်ပြုချက်ယူပြီး လုပ်ကိုင်နိုင်ကြောင်း၊ ဆောထိမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကို တင်းတင်းကျပ်ကျပ် တားမြစ်ကြောင်း၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး KNU ကျန်းမာရေးဌာန စည်းကမ်းအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

KNU ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်ဖြစ်ပြီး မလိုက်နာလျှင် စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း KNU က တရားဝင်သတင်းထုတ်ပြန် သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article