25 C
Yangon

မုံရွာတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး၊ မြိုင်တွင် စစ်သား ၁ ဦး မိုင်းနင်းမိပြီး ခြေပြတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦး လမ်းပိုင်းတွင် ဆက်ကြေးကောက်ခံနေသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်းArea71Local People Defense Force Monywa မှ အဖွဲ့ခေါင်းဆောင် ကိုထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ – ချောင်းဦး လမ်းပိုင်း၌ ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသော အကြမ်းဖက် စစ်သားများကို မြန်မာ့ မဏ္ဍိုင်စက်သုံးဆီ အရောင်းဆိုင်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး အပြင်းထန် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး ၁ ကောင်ပဲ သေတယ်လို့ ကြားတယ်။ ၂ ကောင်က ဒဏ်ရာပြင်းထန်တယ်လို့ကြားသိရပါတယ်။ အဲနေရာက စစ်ခွေး အထိုင်ချတပ်စွဲပြီးတော့ ဂိတ်ချထားတဲ့နေရာပါ။ အဲဒီနေ့က စစ်ခွေးတွေက ခရီးသည်တင်ကားတွေကိုတားပြီး ပြည်သူတွေကို မိုင်းရှင်း ခိုင်းနေတာလည်း တွေ့မြင်ခဲ့ရတယ်။ အဲ့ဂိတ်မှာ လမ်းပေါ်တက် ငွေတောင်းနေတာက စစ်ခွေး ၇ ကောင်လောက်ပဲ။ လမ်းဘေးမှာ ကင်းပုံးဝတ်နေတဲ့ စစ်ခွေးတွေနဲ့ ဆိုရင် စစ်ခွေး အင်အား ၃၀ လောက်တော့ရှိမယ်။ သူပစ်ကိုပစ် ဖြစ်တာဆိုတော့ ကျနော်တို့က အလစ်ဝင်ပစ်တာ စစ်ခွေး အင်အား ထပ်တိုးလာလို့ ကျနော်တို့ ပစ်ဆုတ်ဆုတ်ခဲ့ရတာပါ။ စစ်ခွေး ၁ ကောင်တော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ စစ်ခွေးတွေလုပ်မယ့် အတုယောင် ရွေးကောက်ပွဲ ကာလအတွင်း ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းများက စစ်ရေးအရှိန်မြင့်နေတာမို့ ပြည်သူများတွေအနေဖြင့် တော်လှန်ရေး အဖွဲ့ အသီသီးက ထုတ်ပြန်တဲ့ ကြေငြာချက်တွေကို လိုက်နာပေးကြပါလို့ ပြောချင်တယ် ” ဟု Area71 Local People Defense Force Monywa မှ အဖွဲ့ခေါင်းဆောင် ကိုထွန်းကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Area71 LPDF Monywa အဖွဲ့နှင့် CHINDWIN DYANAMITE SALINGYI အဖွဲ့ GOLDEN PEACOCK ATTACK FORCE အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများ မိုင်းနင်းမိပြီး စစ်သား ၁ ဦး ခြေပြတ်သွားကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြိင်မြို့နယ် ကျွဲတွင်းရွာ အနောက်ဘက်၌ ညအိပ်ပြီး စစ်ကြောင်းထိုးရန် ထွက်လာသော စစ်သားများသည် ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာ အကြားရှိ လမ်းအရှေ့ဘက်တွင် အညာမြေတပ်ပေါင်းစု ဇာမဏီပြောက်ကျားတပ်ဖွဲ့ မှ ထောင် ထားသော နင်းမိုင်း ၁ လုံးကို နင်းမိရာ စစ်သား ၁ ဦး ခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုပေါက်ကွဲမှုအပြီးတွင် အညာမြေတပ်ပေါင်းစု ဇာမဏီပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်တွင် ခြေထောက်ပြတ်နေသော စစ်သားအား ဆေးကုသပေးနေ၍ လမ်းဘေးတွင် ကင်းပုန်းဝတ်နေသော နောက်ကျန် စစ်သားများနှင့် မီတာ ၂၀ ခန့်အကွာတွင် ထိပ်တိုက်တွေ့ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နင်းမိုင်း ပေါက်ကွဲခဲ့သော နေရာကို သွားရောက်ရှင်းလင်းခဲ့ရာ ခြေထောက်တစ်ဖက်နှင့် ဆေးကုထားသော အသုံးအဆောင် ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article