30 C
Yangon

စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကာ မရွေးနိုင်သော လူငယ်များကို တောင်ကြီးစစ်သား စုဆောင်းရေးတပ်သို့ပိုဆောင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကာ မရွေးနိုင်သော လူငယ်များကို တောင်ကြီးမြို့ရှိ စစ်သားစုဆောင်းရေးတပ်များထံသို့ ပို့ဆောင်လိုက်ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များနှင့်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်ထဲများနှင့် လမ်းဆုံလမ်းဂွများတွင် စစ်တပ်က အလုပ်သွား အလုပ်ပြန် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၂၀ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိကြောင်း၊ လူငယ် ၁၀၀ ကျော်အနက်မှ ငွေကြေးတတ်နိုင်သော မိသားစုများက လူငယ် ၂၀ ဦးကို ငွေကျပ် သိန်း ၂၀ မှ ငွေကျပ် သိန်း ၁၀၀ အတွင်း ပေး၍ ရွေးယူသွားကြောင်း၊ မရွေးနိုင်ဘဲ ကျန်ရစ်ခဲ့သော လူငယ် ၈၀ ကျော်ကို တောင်ကြီးမြို့ရှိ စစ်သားစုဆောင်းရေးတပ်များထံသို့ စစ်ကားများဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက စစ်ကိုင်းမြို့ပေါ်ကို လေးနေရာခွဲပြီး လူငယ်တွေကို ပေါ်တာဆွဲတာပါ။အဲဒါက လူငယ် ၁၀၀ ကျော်တယ်။ တချို့ ပိုက်ဆံ ရှိတဲသူဆိုရင် သိန်း ၁၀၀နဲ့ စစ်ခွေးတွေက ပြန်ရွေးခိုင်းတယ်။ ငွေသိပ်မတတ်နိုင်တော့ သိန်း ၂၀နဲ့ ရွေးခွင့်ပေးတယ်။ အဖမ်းခံရတာ ကုမ္မဏီကားမောင်းသူတွေ၊ ရေသန့်ပို့တဲ့ ကားမှာလိုက်တဲ့ အလုပ်သမားတွေနဲ့ အလုပ်သွားတဲ့ လူငယ်တွေကို ဖမ်းတာ။ စစ်ခွေးတွေက စစ်ကိုင်းမြို့ပေါ်မှာ ၄ နေရာခွဲပြီး ဖမ်းတယ်။ စစ်ကိုင်းမြို့ပေါ်မှာ လမ်းဆုံကျတဲ့နေရာတွေကို စစ်ခွေးတွေ ပိတ်ပြီး ဖမ်းတာပါ။ ဘယ်လိုရှောင်ရမရဘူး သူတို့ ကြိုက်တဲ့ လူငယ်ဆိုရင် ဆွဲဖမ်းတယ်။ စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးတဲ့ လူငယ် ၁၀၀ကျော်ထဲက လူငယ် ၂၀ ဦးက ခန့်မှန်ခြေ ပြန်လွတ်တယ်။ တောင်ကြီး စစ်မှုထမ်း သင်တန်းကျောင်းနဲ့ စုဆောင်းရေးတပ်တွေဆီကို ပို့လိုက်တယ်”ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ နှင့် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က နေ့ရောညပါ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အနည်းဆုံးလူငယ် ၄၀ ထက်မနည်းကို စစ်တပ်က စစ်မှုထမ်းခိုင်းရန်အတွက် ပေါ်ဆွဲတာ ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်က ဖမ်းဆီးသွားသော လူငယ်များမှာ အသက် ၂၀ ကျော်အရွယ်များဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ် သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၀ အထိ ရောက်ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းကာလ စစ်တပ်က ဆန္ဒပြ လူငယ်များကို အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းကာလ စစ်တပ်က ဆန္ဒပြ လူငယ်များကို အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article