ဒီကနေ့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ မပူးပေါင်း၊ မဆောင်ရွက်နိုင်ရင် အစိုးရသစ်တက်လာလည်း တက်လာပြီး နောက်နေ့ ပြန်ပြုတ်ကျမှာပဲလို့ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ကပြောဆိုလာပြန်ပါတယ်။
- ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့နယ်မှာရှိတဲ့ ကုန်းပေါင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက် စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က အယောက် ၂၀ ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် အဲ့ဒီ့ စစ်သားအလောင်းတွေဆီကနေ သေနတ် ၂၂ လက်ကိုပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားတယ်လို့ အမှတ် ၁၀၀၅ PDF တပ်ရင်းရဲ့ တာ၀န်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်ဘက်က စစ်သား အယောက် ၈၀ ဝန်းကျင်အသီးသီးသေခဲ့ကြတဲ့ ခင်ဦးမြို့နယ် တိုက်ပွဲကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးရဲဘော်တွေဆီကို ဂုဏ်ပြု ချီးမြှင့်ပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




