32 C
Yangon

ဂျပန်ရောက် NUG နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေး ကြားနာပွဲ ပြုလုပ်ပြီး စစ်တပ်၏ ရွေးကောက်ပွဲကို ဂျပန်အစိုးရက လက်မခံရန် တောင်းဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာ့ အရေးကြားနာပွဲပြုလုပ်ခဲ့ပြီး ဂျပန်အစိုးရအနေဖြင့် စစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံရန် တောင်းဆိုခဲ့ကြောင်း NUG အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးထံမှ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဂျပန်လွှတ်တော်အမတ်များရုံးတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က အာဏာသိမ်း စစ် အုပ်စုမှ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲနှင့် လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေ များအား ရှင်းလင်းပြောကြားသည့် မြန်မာ့အရေးကြားနာပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းကြားနာပွဲတွင် ဂျပန်ရောက် မြန်မာပြည်သူများမှ ပါဝင်ဖြေဆိုထားကြသည့် ရွေးကောက်ပွဲပေါ် ထားရှိသည့် သဘောစစ်တမ်းအား ပါတီစုံပါဝင်သည့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေး သော လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဌထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး စစ်ကော်မရှင်မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား ဂျပန်အစိုးရ အနေဖြင့် လက်ခံခြင်းမပြုပါရန် တောင်းဆိုခဲ့သည်။

ထို့ပြင် မြန်မာပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအားကူညီပေးနိုင်ရေးအပါအဝင် အရေး ပေါ်အခြေ အနေအရ ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာပြည်သူများအားလည်း ဆက်လက်ပြီး ကာကွယ် ကူညီပေးရေးအတွက် အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ပါတီစုံ ပါဝင်သည့် မြန်မာ့ဒီမိုကရေစီအရေးထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂတို့မှ ပူး ပေါင်းကာ စီစဉ်ဆောင်ရွက်ကာ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံဆိုင်ရာ လွှတ်တော် လွှတ်တော်ကိုယ် စား လှယ်များ၊ သတင်းမီဒီယာ များ နှင့် မြန်မာ့အရေးကူညီအားပေးနေသော ဂျပန်နိုင်ငံသားများ၊ မြန် မာပြည်သူများ၊ တော်လှန်ရေး အင် အားစုများ မှ တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article