ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မြို့နယ်ကြံ့ဖွတ်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ ရာ အစောင့်ပျူစောထီးများ ထိခိုက်မှုရှိနိုင်ပြီး ရုံးအဆောက်အအုံလည်း ပျက်စီးမှုရှိခဲ့ကြောင်း Yangon Army – YA မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် လှည်းကူးမြို့ နယ်၊ သာသနာ့ရိပ်သာရပ်ကွက် ရှိ ကြံ့ဖွတ်ပါတီ မြို့နယ်ရုံးရှိ အစောင့် စစ်သားနှင့် ပျူစောထီးများကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ ဝင်များက ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကြံ့ဖွတ်မြို့နယ်ရုံးပါ၊ မိုင်း ၂ လုံးစလုံးကွဲပါတယ်။ မိုင်းကပြင်းပါတယ်။ အထဲမှာ ပျူစောထီးတွေ ရှိတဲ့ အချိန် တိုက်ခိုက်ခဲ့တာပါ။ လူထိခိုက်မှု၊ အဆောက်အအုံထိခိုက်ပျက်စီးမှုရှိပါတယ်။ ဒီမနက် သွား ကြည့်တာ ရုံးပျက်စီးနေတာတွေ့ရပါတယ်” ဟု Yangon Army – YA မှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လှည်းကူးမြို့နယ် ကြံ့ဖွတ်ပါတီရုံးမှာ အကြမ်းဖက် စစ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြုလုပ်မည့် တရားမ၀င်ရွေးကောက် ပွဲအတွက် ပူးပေါင်း ပါ၀င် ဆောင်ရွက်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
အကြမ်းဖက် စစ်တပ်နှင့်ပတ်သက်သောပစ်မှတ်များ၊ တရားမ၀င်ရွေး ကောက်ပွဲတွင် ပတ်သက်ပြီးပါ၀င်လုပ်ကိုင်နေကြသောသူများကို ဆက်လက်၍အပြင်းအထန် တိုက် ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army (YA) က သတိပေးထားသည်။
ဓာတ်ပုံ- လှည်းကူးမြို့နယ်ရှိ ကြံ့ဖွတ်ပါတီရုံး။




