35 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကို နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ၆ လ အလုပ်လုပ်ခွင့်ပေးရန် ကနဦး ဆုံးဖြတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်လာသည့် မြန်မာနိုင်ငံသားများကို သတ်မှတ်ဒေသများတွင် ၆ လ အလုပ်လုပ်ကိုင်ခွင့်ပေးရန် ထိုင်း နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေး ကော်မတီက ဆုံးဖြတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံသားအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကို အသုံးပြု၍ ဝင်ရောက်လာပါက တစ်ကြိမ်လျှင် အများဆုံး ၆ လအထိ အလုပ်လုပ်ကိုင်ခွင့်ပေးရန် ထိုင်း နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေး ကော်မတီက ဆုံးဖြတ်လိုက်ခြင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်ပြီး ထိုင်းဗဟိုအစိုးရ၏ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ဒီဆုံးဖြတ်ချက်က နယ်စပ်ဒေသမှာနေတဲ့ မြန်မာတွေအတွက် သတင်းကောင်းပါ။ ဒီလို ခွင့်ပြုလိုက်လို့ ထိုင်း – မြန်မာ နယ်စပ်ဒေသတွေဖြစ်တဲ့ ရနောင်း ကော့သောင်း မြဝတီ ၊ ထီးခီး ဒေသတို့က မြန်မာတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပွင့်လာမှာပါ။ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ဆိုတော့ ကုန်ကျစရိတ်တွေ အများကြီး သက်သာသွားနိုင်တယ် ။ ပန်းရောင်ကတ်လို့ CI တို့လုပ်တာထက် သက်သာသွားမယ်။ အကျိုးများပါတယ်”ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးသူ အေအေစီ ကိုရဲမင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ဆုံးဖြတ်ချက် အတည်ပြုလာပါက မြန်မာအလုပ်သမားများအနေနှင့် ပွဲစားများ၏ ငွေကြေးကျသင့်သည်ထက် ပိုမို လိမ်လည်ယူသော ကြိုးပမ်းမှုရှိနိုင်ပြီး အလုပ်သမားအရေး ဆောင်ရွက်သူများ၏ သတိပေးချက်များကို စောင့်ကြည့်လိုက်နာကြရန်လည်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူများက သတိပေးထားသည်။

လတ်တလော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း ပန်းရောင်ဘတ်ဟု ခေါ်ဆိုသည့် အလုပ်သမား အလုပ်လုပ်ခွင့် လက်မှတ်များဖြင့် ဝင်ရောက် အလုပ်လုပ်ကြခြင်းဖြစ်ပြီး ပန်းရောင်ဘတ်၏ ကုန်ကျစရိတ်မှာ နှစ်စဉ် ထိုင်းဘတ် ၉၀၀၀ မှ ဘတ် ၁၅၀၀၀ အတွင်း ကုန်ကျလေ့ရှိကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article