ဒီကနေ့ ဒီဇင်ဘာ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မရှိတဲ့အချိန်မှ စစ်တပ်က လွှတ်တော်မှာ ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်ပါတယ်။
-အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အပိုင်းတစ်နဲ့ နှစ်ကို မြို့နယ် ၂၀၂ မြို့နယ်မှာ ကျင်းပဖို့ပြင်ဆင်ထားပေမယ့် အဲ့ဒီမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်စုသုံးထောင်နီးပါးမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်တောင် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၉ ယောက်သေပြီး ၂ ဦး အရှင် ဖမ်းမိခဲ့တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




