26 C
Yangon

ဂန့်ဂေါမြို့နယ်၊ ရေရှင်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နှမ်းခါးရွာမှ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၄

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနှင့်ရေရှင်ရွာကို အင်အား ၁၂၀ ကျော်ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇူလိုင်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရေရှင်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နှမ်းခါးရွာမှ ပြည်သူပိုင် ဆိုင်ကယ်များကို မီးရှို့ဖျက်စီးပြီးနောက် ရေရှင်ရွာဖက်သို့ စစ်ကြောင်းထိုးကာ ရေရှင်ရွာ၌ ညအိပ် စခန်းချပြီး ပြည်သူပိုင် ကြက်၊ ဝက်များကို ဖမ်းဆီး သတ်ဖြတ် စားသောက်ကာ ရေရှင်ရွာသား ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” ရေရှင် ကျေးရွာသား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်တာပဲ အတည်ပြုပြောနိုင်သေးတယ်။ ကျန်တဲ့ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်တွေတော့ အတည်ပြုမပြောနိုင်သေးဘူး။ ဖမ်းဆီး သတ်ဖြတ်ခံရသူက ရေရှင်ရွာသားဆိုတာပဲ သိရသေးတယ်။ အမည်တွေလည်း မသိရသေးဘူး။ ရွာထဲကို အခုမှ ရှင်းလင်းရေး ဝင်နေတုန်း ကျန်တဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကို အတည်ပြုနိုင်ဖို့ ရုပ်အလောင်းတွေလည်း ရှာမတွေ့သေးဘူး။ အဲတာကြောင့် အတည်မပြုနိုင်သေးတာ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်တွေလည်း အတည်မပြုနိုင်သေးဘူး”ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article