31 C
Yangon

စစ်တပ်က စက်သုံးဆီကုမ္ပဏီပိုင်ရှင်များကို မသမာမှု လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးထားပြီး ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

အကြမ်းဖက် စစ်တပ်က စက်သုံးဆီကုမ္ပဏီပိုင်ရှင်များကို ဆီတင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးထားပြီး ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထားကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

စက်သုံးဆီ ကုမ္ပဏီ၊ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ စက်သုံးဆီများ တင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်ဆောင်ခဲ့သော လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော် တို့ကို စစ်တပ်က နိုဝင်ဘာလအတွင်း ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ဒုဝန်ကြီး သန့်စင်နှင့်ညွှန်ချုပ် ရွှေမော်တို့ကို ဖမ်းဆီးအရေးယူရာတွင် စက်သုံး ဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများ ချထားပေးရာတွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဆုံးရှုံးမှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ထောက် လှမ်းရေးက ဖမ်းဆီးအရေးယူခဲကြောင်း သိရှိရသည်။

ယင်းနောက် ဖမ်းဆီးခံ ဒုဝန်ကြီးနှင့် ညွှန်ချုပ်တို့နှင့်အတူ မသမာမှုများ လုပ်ဆောင်သည်ဟု သတ်မှတ်ခံရသော စက်သုံးဆီကုမ္ပဏီနှင့် လုပ်ငန်းရှင်ကြီးများကို ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ပြန်လည်ပေးသွင်းရန် စစ်တပ်က အမိန့်ပေးညွှန်ကြားလာကြောင်း သိရှိရသည်။

ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ပြန်လည် ပေးသွင်းရမည့် ဆီကုမ္ပဏီကြီးများတွင် ခရိုနီဝင်းဆွေ ပိုင်ဆိုင်သော BOC ကုမ္ပဏီက စစ်တပ်ထံသို့ ငွေကျပ် ဘီလီယံ ၁၈၀ ၀န်းကျင်၊ ခရိုနီ ဇော်ဇော် ပိုင်ဆိုင်သော Max ကုမ္ပဏီက ကျပ် ဘီလီယံ ၄၀ ၊ ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ကျပ် ၄၀ ၊ ခရိုနီ ချစ်ခိုင် ပိုင်ဆိုင်သော Denko ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၇၀ ၊ ခရိုနီ အောင်ကိုဝင်းနှင့် ဆက်နွယ်နေသော Brighter ကုမ္ပဏီက ငွေကျပ် ၁၂ ဘီလီယံ၊ Regency ကုမ္ပဏီက ကျပ် ၂၀ ဘီလီယံ၊ Apex ကုမ္ပဏီက ငွေကျပ် ၁၅ လီလီယံ၊ Myanoil ကုမ္ပဏီက ငွေကျပ် ၁၅ ဘီလီယံ အသီးသီး ပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

“ငွေသွင်းရမယ့် နောက်ဆုံးရက်မတိုင်မီ စက်သုံးဆီပိုင်ရှင်တွေ ပြည်ပခရီးထွက်ခွင့်မပြုဘူး။ ထွက်ခွင့်မပြုဘူးဆိုတာထက် စစ်တပ်ကို တင်ပြပြီးတော့ စစ်တပ်က ခွင့်ပြုမှ ပြည်ပခရီးသွားခွင့်ရှိတာပေါ့။ ခွင့်ပြုချက် ယူခိုင်းတာ” ဟု စက်သုံးဆီအသင်းမှ သတင်းရင်းမြစ်က ပြောဆိုသည်။

စက်သုံးဆီတင်သွင်းမှုနှင့် ခွဲတမ်းချထားမှုတွင် မသမာမှု လုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသော စွမ်းအင်ဒုဝန်ကြီး သန့်စင်မှာ ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းစစ်အရာရှိတစ်ဦးလည်းဖြစ်သည်။

BOC ဆီကုမ္ပဏီပိုင်ရှင် ခရိုနီဝင်းဆွေ
Brighter ဆီကုမ္ပဏီပိုင်ရှင် KBZ အောင်ကိုဝင်း။
Max ဆီကုမ္ပဏီပိုင်ရှင် ဇော်ဇော်။
Denko ဆီကုမ္ပဏီပိုင်ရှင် ချစ်ခိုင်။
မြတ်မေတ္တာမွန်ဆီကုမ္ပဏီပိုင်ရှင် ဝင်းမြင့်
ဖမ်းဆီးခံဒုဝန်ကြီး သန့်စင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article