30 C
Yangon

မန္တလေးမြို့ပေါ်မှ ပြည်သူများက အသံတိတ် သပိတ်တွင်ပါဝင်နေပြီး လူအသွားအလာ မရှိတော့၊ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး ချောတိုင်တက်ပွဲနှင့် ဘောလုံးပြိုင်ပွဲများလုပ်ခိုင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မန္တလေးမြို့ပေါ်မှ ပြည်သူများက ယနေ့ ပြုလုပ်သည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင်ပါဝင်နေပြီး ပြည်သူများ အပြင်မထွက်တော့ဘဲ လူအသွားအလာ မရှိသလောက် အလွန်နည်းပါးသွားကြောင်း ဒေသပြည်သူများက ပြော ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှစတင်၍ မန္တလေးမြို့ပေါ် အဓိက လမ်း မ ကြီးများနှင့်လမ်းများတွင် ယာဉ်အသွားအလာ၊ ဆိုင်ကယ်အသွားအလာနှင့် လူအသွားအလာများ လုံး၀လျော့ကျသွားကြောင်း၊ စျေးဆိုင်များ ဖွင့်ထားသော် လည်း ဝယ်ယူသူမရှိကြောင်း သိရှိရသည်။

“လမ်းပေါ်မှာ ကား တစ်စီးစ၊ နှစ်စီးစ၊ ဆိုင်ကယ် တစ်စီး၊ နှစ်စီး ဒီလောက်ပဲ တွေ့ရတယ်။ မနက် ၁၀ နာရီ ၁၅ လောက်မှာ စပြီး တိတ်ဆိတ်သွားတာ။ ခွေးတွေကတော့ လမ်းဆုံလမ်းခွတွေနဲ့ ရပ်ကွက်ထိပ်တွေမှာ ရှိနေတယ်။ အရပ်ဝတ်တွေနဲ့ ပျူတွေရော ခွေးတွေရော” ဟု မန္တလေးမြို့ခံ ကင်းထောက်တစ်ဦးက ပြောဆိုသည်။

မန္တလေးတွင် စစ်တပ်က အသံတိတ် သပိတ်ကို ဖျက်ဆီးရန် ချောတိုင်တက်ပွဲနှင့် ဘောလုံးပြိုင်ပွဲများကို ပြုလုပ်ခိုင်းမှုများရှိကြောင်း၊ အမှိုက်ကား၊ မြေသယ်ကားနှင့် ရေသယ်ကားများကိုလည်း စည်ပင်က လမ်းပေါ်တွင် လှည့်ပတ် မောင်း ခိုင်းနေကြောင်း သိရှိရသည်။

မန္တလေးမြို၏ အဓိကဈေးကြီးဖြစ်သော မန္တလေးဈေးချိုတော်ကြီးတွင်လည်း လူသူမရှိဘဲ ခြောက်ကပ်နေကြောင်း၊ မန္တလေးဘူတာကြီးနှင့် မန္တလေးကျုံးပတ်လည်တွင်လည်း လုံး၀ ခြောက်ကပ် တိတ်ဆိတ်လျက်ရှိကြောင်း မန္တလေးမြို့ခံများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article