27 C
Yangon

ကမ္မမြို့ပေါ်နှင့် ပေါက်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကြောင်းထိုးနေသော စစ်တပ်မှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် တိုက်ပွဲဖြစ်နေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေ ရကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းက ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကမ္မမြို့လယ်ခေါင် ဗိုလ်ချုပ်ကြေးရုပ်အနီးအရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေမှုကြောင့် ကမ္မမြို့ပေါ်မှ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိကာ အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“လက်ရှိက တိုက်ပွဲဖြစ်နေတုန်းပါ၊ တိုက်ပွဲ အခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ မိဘ ပြည် သူတွေ အနေနဲ့ ကမ္မမြို့ပေါ်ကို ခရီးမသွားကြဖို့နဲ့ လုံခြုံတဲ့နေရာမှာ ရှောင်ရှားနေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။” ဟု ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အလားတူ ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည်လည်း ကျွန်းတိုင်းကျေးရွာအနီးသို့ ရောက်ရှိနေပြီး အသေခံရုန်းများ အသုံးပြု၍ တိုက်ခိုက်လျက်ရှိကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်လျက်ရှိရာ စစ်သား ၅ ဦးထက်မနည်း နင်းမိုင်း ထိ၍ အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်သားများသည် ကျွန်းတိုင်းရွာနှင့် အခြားရွာများမှ စစ်ရှောင်ပြည်သူများ၏ စားနပ် ရိက္ခာများ၊ ဒဏ်ရာရ စစ်သာများကို ပျင်းမရွာ နှင့် ချောင်းကူးရွာများမှ ပြည်သူပိုင် နွားလှည်းများကို ဆင့်ခေါ်ပြီး သယ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၉ ရက်နေ့က ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာခဲ့ခြင်းဖြစ်ပြီး ရွှေဘုံသာပျူစောထီးကျေးရွာမှ တဆင့် ချောင်းဝကျေးရွာသို့ ဖြတ်၍ ဝက်ပုတ် ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်ပြီးနောက် ချောင်းကူးရွာ၊ ပျဉ်းမရွာတို့ရှိ အမျိုးသားများမှန်သမျှကို ဆင့်ခေါ်ပြီး ၎င်းတို့သွားလာမည့် လမ်းများကို ဖောက်လုပ်ခိုင်းခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေချိန် ဒီဇင်ဘာလ ၁၁ ရက်နေ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာသို့ စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ယင်း စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက် နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သူမှာ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် မှ ဇင်ဝင်း ထက်ဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၄ ပင်လောင်းမြို့၌ တက်ရောက်ကာ တပ်မ ၉၉ တွင် တာဝန်ထမ်း ဆောင်နေသူဖြစ်ကြောင်း၊ ၎င်းထံမှ MA-4 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက် နှင့် ၎င်းကျည် ၉၂ တောင့်တို့ကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ MAGWAY PDF တပ်တော်မှ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အလင်းဝင်လာသော စစ်မှုထမ်းတပ်သား ဇင်ဝင်းထက်နှင့် စစ်တပ်က အသုံးပြုနေသော အသေခံဒရုန်းအပျက်များကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article