ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က သူတို့စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ ကျင်းပမယ့် ကာလအတွင်း စစ်ရေးသတိရှိကြဖို့ကိုပါ သတိပေးပြောဆိုနေလာပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ မဲပေးစက်တွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေကိုပါ မီးရှို့ရှင်းလင်းခဲ့တယ်လို့ ရေဖြူအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-အကြမ်းဖက် စစ်တပ်ဟာ နိုင်ငံတကာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းအသီးသီးက သူတို့ စစ်တပ်ရဲ့ မြောက်ဦးဆေးရုံကို လေကြေင်းတိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုံချမှုတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ အချိန်မှာပဲ မနေ့က ညပိုင်းမှာတင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင် နဲ့ မြောက်ဦးမြို့နယ်တွေကို လေယာဉ်နဲ့လာပြီး ထပ်မံဗုံးကျဲသွားပြန်သလို ၊လတ်တလောမှာတော့ စစ်တပ်ရဲ့ မြောက်ဦးဆေးရုံကို ဗုံးကျဲမှုအချက်အလက်တွေပေးပို့ကြဖို့ကိုလည်း ကုလသမဂ္ဂ IIMM က တောင်းခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




