27 C
Yangon

မြင်းခြံနှင့် ဒီပဲယင်းမြို့နယ်တွင် ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လက်နက်ကြီး၊ Gyrocopter များဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်တိုးဂိတ်တွင် ထိုင်ချ တပ်စွဲထားသော စစ်တပ်က ကျေးရွာများကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်တိုးဂိတ်တွင် ထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း​၊ ထိုသို့လက် နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကျောက်တန်းရွာမှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးကာ ကျောက်တန်းရွာမှ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဖြစ်စဉ်ကတော့ အဲဒီနေ့က ဘာတိုက်ပွဲလည်းမရှိဘဲနဲ့ သက်သက်ကြီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။ ကျောက်တန်းရွာမှ နေအိမ်တော့ ပျက်စီးသွားတယ်လို့ သိရတယ်။ ကျောက်တန်းရွာမှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့တော့ သိရတယ်။ အဲဒီ ဂိတ်မှာ စစ်ခွေး အင် အားကတော့ ခန့်မှန်းခြေ ၅၀အထက်မှာ ရှိတယ်လို့ သိရတယ်။ မြို့နဲမဝေးတော့ စစ်ခွေး အင်အားက ခန့်မှန်လို့ မရဘူး”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမြို့ နမခမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၂ စီးသည် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုကိုတော့ အတည်မပြုနိုင်ပေမယ့် ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက ဒီပဲယင်းမြို့နယ်ထဲကို လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ကို လုပ်ဆောင်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာ၊ လက်ဖက်ရည်ဆိုင်တွင် ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်းတို့ ၏ ယှဉ်ပြိုင်ပွဲကစားသည့်ပွဲကို ပြန်လည် ပြသနေသဖြင့် ပြည်သူများ ၀ိုင်းဝန်း ကြည့်ရှုနေစဉ် ဗုံး ၂ လုံးကျဲချခဲ့ရာ ပြည်သူ ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article