25 C
Yangon

စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၅၁ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လက်ပံလှရွာ ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်ပံလှရွာထဲရှိ ငွေဇင်ဟိန်း ဖုန်းဆိုင်အနီးနှင့် ၉၆၉ ဒံပေါက်ဆိုင် အနီးရှိ နေအိမ်များ မီးလောင်နေကြောင်း သိရှိရသည်။

“လက်ပံလှရွာထဲကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာ ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်နေတယ်။ ပြည်သူတွေက စစ်ဘေးတိမ်းရှောင်နေတာဆိုတော့ ထိခိုက်တာမရှိဘူးလို့တော့ သိရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာ အတွင်းရှိ ပြည်စိုးအောင် ရပ်ကွက်နှင့် ပင်လယ်ကြီး ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည် စိုးအောင်ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးလောင်ပြာကျခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပင်လယ်ကြီးရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article