အကြမ်းဖက်စစ်တပ်လက်အောက်ခံ လေတပ်က တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာ အထောက်အကူပြုနေ၍ လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်ဆင်ရေးအထောက်အကူစနစ်များကို ကြိုးပမ်းဖြည့်တင်းနေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုသည်။
ယမန်နေ့ နေပြည်တော် အေလာလေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်သော ၇၈ နှစ်မြောက် လေတပ် နှစ်ပတ်လည်နေ့တွင် ၎င်းက အထက်အပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
လေတပ်က စတင်တည်ထောင်ချိန်ကတည်းက လက်နက်ကိုင်တိုက်ခိုက်မှုများကို ချေမှုန်းနိုင်ခဲ့ကြောင်း ၊လေတပ်က ယနေ့အချိန်အထိ ပြည်ပကျူးကျော်မှုတွန်းလှန်ချေမှုန်းရေးနှင့် ပြည်တွင်းနှိမ်နင်းရေးစစ်ဆင်မှု အမျိုးမျိုးသာမက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှု စစ်ဆင်ရေးများတွင်လည်း ပါဝင်တိုက်ပွဲဝင်ဆင်နွှဲခဲ့သဖြင့် တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
လေတပ်ကို စတင်ဖွဲ့စည်းတည်ထောင်ချိန်က အခြေစိုက်စခန်း ၁ ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ်သာရှိခဲ့ရာမှ ယခုဆိုပါက မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင်လည်း နည်းဗျူ ဟာမြောက်လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိဆင်နွှဲနေသည့် စစ်ဆင်မှုများတွင် လေတပ်က နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှုများ ထိထိရောက်ရောက်ဆောင်ရွက်ကာ အထောက်အကူပြုနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောသည်။
ထိရောက်အစွမ်းထက်မြက်သည့် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်အသုံးချနိုင်ရေး လေတပ်၏ တိုက်စွမ်းအားနှင့် တိုက်စွမ်းရည် ၂ မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက်ထားရန်အထူးလိုအပ်ကြောင်း၊ တိုက်စွမ်းအား တိုးတက်ကောင်းမွန်စေရေးအတွက် လေယာဉ်ရဟတ်ယာဉ်နှင့် စစ်ဆင်ရေးအထောက်အကူစနစ်များကို အခါအားလျော်စွာ ကြိုးပမ်းဖြည့်တင်းပေးနေကြောင်း သူက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်က နိုဝင်ဘာလ ၇ ရက်နေ့က ရုရှားမှဝယ်ယူထားသည့် Mi-38 ရဟတ် ယာဉ် ၃ စင်းနှင့် တရုတ်ထုတ် Y8 – F 200WB အကြီးစား သယ်ယူပို့ဆောင်ယာဥ် ၂ စင်းတို့ကို ဖြည့် တင်းသည့် အခမ်းအနားကို လည်း ပြုလုပ်ခဲ့ပြီးဖြစ်သည။်




