35 C
Yangon

ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ရဲဘော် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၂၀

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စစ်တပ်စခန်းကို စစ်တပ်၏ လေကြောင်းနှင့် လက် နက်ကြီး ပစ်ကူများအကြားမှ ခက်ခက်ခဲခဲ သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်မှ စတင်ပြီး ကောလင်းမြို့နယ်၊ သစ်ဖုတောင်ထိပ်တွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စခန်းကို တော်လှန်ရေး ပူးပေါင်း တပ် ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား အများ အပြား ထိခိုက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရ ကြောင်း သိရသည်။

“စခ စခန်းသိမ်းမိတာမှန်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျတယ်။ အပြည့်အစုံတော့ သက် ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်။ အခုလောလောဆယ် ထွက်ပြေးနေတဲ့ စခတွေကို လိုက်ရှာနေတုန်း ပါ၊ တောင်ထိပ်မှာတပ်စွဲထားတာဆိုတော့ ခက်ခက်ခဲခဲနဲ့ သိမ်းပိုက်ခဲ့ရတာ။ အရင်ကလည်း သုံးလေး ကြိမ်ရှိပြီ၊ ဝင်သိမ်းနေတာ၊ မရခဲ့ဘူး။ အခုမှပဲရတော့တာ။ အရင်အကြိမ်တွေ သိမ်းမရတာက စစ်ကူ ပို့နိုင်တာ လည်း ပါတယ်။ အခုက နေရာစုံက ချနေတော့ စစ်ကူမပို့နိုင်တဲ့အတွက် သိမ်းပိုက်နိုင်ခဲ့တာ ပါ၊ လေကြောင်း၊ လက်နက်ကြီးနဲ့ကတော့ တစ်နေကုန်နီးပါးပဲ ပစ်ကူပေးတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းစခန်းသိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေစဉ်အတွင်း ဒီဇင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီ ၆ မိနစ် တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်တွင် တစ်ကြိမ်၊ ည ၈ နာရီ ၂၈ မိနစ်တွင် တစ်ကြိမ်၊ ည ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ် တံတားဦးလေတပ်မှ တက် လာ သော ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဝန်းသိုမြို့အခြေစိုက်အကြမ်းဖက် စစ် တပ်၏ ခမရ ၁၁၁ တပ်ရင်းနှင့် ခမရ ၁၂၀ တပ်ရင်းတို့ဘက်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် လည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ၂၀၂၁ ခုနှစ် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် တပ်စွဲခဲ့ ခြင်းဖြစ်ပြီး ဗျူဟာမြောက်အရေးပါသည့် စစ်တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article