ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ဒေသကာ ကွယ်ရေး တာ၀န်များ ထမ်းဆောင်ရေး လူငယ်များ ပြင်ပထွက်ခွာခွင့်ကို CDFပလက်၀က ကန့် သတ်ကြောင်း ယနေ့ ကြေညာ ချက်ထုတ်ပြန်သည်။
ချင်းလဲန်းကာ့ကွယ်ရေးတပ်ဖွဲ့-ပလက်၀ အနေဖြင့် ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင် ပင်ခံကောင်စီ၊ ပလက်၀ကောင်စီ၏ ပြည်သူ့တော်လှန်ရေးကာလ နိုင်ငံရေးနှင့် အုပ်ချုပ်စီမံရေး ဦးဆောင်မှုဖြင့် တော်လှန်ရေးအင်အားစု တစ်ရပ်အဖြစ် ယနေ့တိုင် ရပ်တည်လာခဲ့ကြောင်း၊ ဒေသအတွင်း လူငယ်လူရွယ်များအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ပလက်၀တွင် ပူးပေါင်းပါဝင်ပြီး ဒေသကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရေးမှာ ပြည်သူတိုင်း၏ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ကြောင်း CDF ပလက်၀က ထုတ်ပြန်ကြေညာသည်။
ထို့ကြောင့် ဒေသတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် CDF ပလက်၀တွင် ပူးပေါင်းပါဝင်နိုင်ရေး ကျန်းမာရေးနှင့်ပညာရေးကိစ္စများမှအပ အရွယ် ရောက်ပြီးသူ လူငယ်များ ပလက် ၀ဒေသ ပြင်ပသို့ ထွက်ခွာခြင်းကို ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယင်းကဲ့သို့ ထုတ်ပြန်ကြေညာမှုမှာ လူ့အခွင့်အရေးစံချိန်စံညွန်းများနှင့် ကိုက်ညီခြင်းမရှိဘဲ ပြည်သူလူထု၏ အခွင့်အရေးကို ထိခိုက်ခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင် မကြိုက်၍ တော် လှန်ရေးကို ပါဝင်ကြရာတွင်လူငယ်တိုင်းအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ နည်းလမ်းများဖြင့် ပါဝင်ရန် အခွင့်အလမ်းရှိသင့်ကြောင်း ချင်းလူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။
“စစ်တိုက်ချင်တဲ့သူက စစ်တိုက်၊ ထောက်ပို့လုပ်နိုင်တဲ့ သူက ထောက်ပို့လုပ်၊ အနုပညာနဲ့ ရန်ပုံ ငွေရှာနိုင်တဲ့သူက ရှာပေါ့။ လူငယ်တိုင်းကို စစ်တိုက်ခိုင်းလို့ ဘယ်ရမလဲ။ အဲဒီလို အတင်းအကျပ်လုပ်ရင် စစ်တပ်နဲ့ မခြားဖြစ်သွားမှာကိုတော့ သတိမူသင့်တယ်။ လူတိုင်းမှာ သူ့အားသာချက်၊အားနည်းချက်ရှိတယ်။ အားသာချက်ကို တော်လှန်ရေးအတွက် အသုံးချနေဖို့ အဓိကလို့ မြင်တယ်။ အမိန့်အာဏာနဲ့ မင်းတို့ အပြင်မထွက်ရဘူး စစ်တိုက်ရမယ်ဆိုတာက အာဏာရှင်ဆန်တဲ့သဘောမြင်ရပါတယ်” ဟု အဆိုပါ ချင်းလူငယ်က သုံးသပ်ပြောဆိုသည်။




