31 C
Yangon

လောင်းလုံးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်ပိတ်ဆို့တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အကြိမ် ကြိမ် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၀ ရက်ညနေ ၄ နာရီ ၁၅ မိနစ်က လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ပြီး ပြည်သူ့နေအိမ်များ၌ တပ်စွဲထားသော စစ်သားများကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ၅၆ မိနစ်အထိ အပြန်အလှန် ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရ သည်။

နိုဝင်ဘာလ ၁၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများက ရင်းဘုတ်ရွာ၊ ဆီအုန်းတောသို့ ဆက်လက်ထွက်ခွာလာသဖြင့် လောင်းလုံး (ပကဖ) ၊ ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ အ ထိ နာသွားပြီး လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင်လည်း လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အ ကြမ်းဖက်စစ်ကြောင်းက စစ်ပြဲရွာ စစ်ပြဲဘုန်းကြီးကျောင်းအနီးသို့ ရောက်ရှိသဖြင့် မွန်းလွဲ ၁ နာရီခွဲ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပေါ်တည့်တည့်ကျ ရောက်ပေါက်ကွဲထိမှန်ပြီး အထိနာကာ လောင်းလုံးမြို့ထဲသို့ ပြန်လည်ဆုတ်ပြေးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း လောင်းလုံးမြို့ပေါ်မှ လက်သည်းရှည်တောင်ပေါ်သို့ ပြန်လည် ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ် စစ် ကြောင်းပေါ်သို့ တည့်တည့်ထိမှန်ကာ အထိနာပြီး လောင်းလုံးမြို့ထဲသို့ ပြန်လည် ဆုတ်ခွာသွား ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၂ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦး ထက် မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရပြီး ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ များဖြစ်သည့် DNLA (ဒရုန်းအဖွဲ) ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်း သား တော်လှန်ရေးတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article